Professional Authors

ချစ်သူသုံ့ပန်း

အလွမ်းရောင်တိတ်တိတ်ပုန်းနေသည့်….အရူးသူမလေးပြတင်းတံခါးတွင်…မေးထောက်ကြည့်ပါမည်
သူမ၏အရှိန်အ၀ါကြောင့်…ပတ်ဝန်းကျင်တွင်…ရောင်စုံပန်းကလေးများ…ပွင့်လန်းနေပေလိမ့်မည်…။

လတ်တလောရာသီဥတုအခြေအနေဆိုးရွားနေခြင်းနှင့်ပတ်သက်၍…သူမ၏လည်တိုင်ဖွေးဖွေးအား….
ညာတာပါတေး…နမ်းမွှေးမိသောအခါ…..ရွှေအိုရောင်လေညှင်းများအကြား…
ချစ်သူ၏ရယ်သံနုနုလေးများကို….နားဆင်ရပေလိမ့်ဦးမည်…..။
 ကောင်းလေစွ…။

တစတစမင်းမူလာသော….သူမ၏ပျောက်ကြားစနစ်ကို…ကျွန်ုပ်အပြစ်မတင်လိုပါချေ
ကျွန်ုပ်၏ နှလုံးသားခံတပ်သည်သာမက….အချစ်စစ်သည်များသည်လည်း…
သူမ၏သစ္စာတော်ခံအဖြစ်…အောင်မြင်စွာရှုံးနိမ့်သွားခဲ့ခြင်းအပေါ်…
အကျွန်ုပ်ကိုယ်၌ပင်….နှစ်ထောင်းအားရရှိလှခြင်းကို………
များစွာ….အံ့သြမိပေစွ….။

ကြယ်ရောင်လရောင်….အမှုန်အမွှားများအကြား…..
ချစ်သူအုပ်ချုပ်သည့်…အင်ပါယာတစ်ခုမှာ…အမှုထမ်းရန်…
အကျွန်ုပ်ကြွလှမ်းခဲ့လေပြီ……။
ခဲ..ယမ်း..လက်နက်..အပြည့်အစုံမလိုပါ
ချစ်ခြင်းမေတ္တာ..အလျဉ်းသင့်ပါသည်….
အရှင်……ဦးစွာခံယူပါ   …။       ။ ။

In: ကဗျာ Posted By: Date: Mar 16, 2012
Comment #1

oh,,,oh,,oh,,
a yae a tar tway ka myint hla chi lar?
daw daw sa kar tat de naw..
a yan chit hmar pe.

commentinfo By: ei lay at Mar 17, 2012
Comment #2

ချစ်ခြင်းမေတ္တာ..အလျဉ်းသင့်ပါသည်….
အရှင်……ဦးစွာခံယူပါ …

commentinfo By: kantkawmg at Mar 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment