Professional Authors

ကျွန်တော် သိသော အချစ်

ရုပ် သည်
စိတ်ပိုင်းဆိုင်ရာထက်
မြတ်သည်ဟု

(ကျွန်ုပ်)မဆိုလို …
သို့ သော်..
နူးညံ့သည့် လက်ဖ၀ါးပြင်သည်သာ
ခိုင်ခန့်  သည့် (ကျွန်တော်ယူဆသော)
စိတ်ဓါတ်အား ရိုက်ချိုး ဖျက်ဆီး
ခြေမွ ခဲ့လေပြီ …
အခွင့်အရာ မပါသော အချစ်သည်မှ
သန့် ရှင်းမွန်မြတ်ပါသည် ဆိုလျှင်
ကျွန်ုပ် ကား ရွံ့ မုန်းဖွယ်ပင်
သူမ ကို ချစ်ခြင်းတွင်
ကျွန်ုပ် ငတ်မွတ်တောင့်တသော
အခွင့်အရေးသည် ထပ်တူ တွယ်ကပ်၏
အို . . ချစ်သူ
သင့် အကြည့် ..
သင့် အပြုံး ..
သင့် အမုန်းများအောက်
ပြားပြားမှောက် ကျရှုံးသူ
ကျွန်ုပ်အား ငဲ့ညှာ ကြည့်ပါလော့…
အခွင့်အား ပေးပါလော့..
ကျွန်ုပ်၏ အသက်နှင့် ၀ိဉာဏ်အား
သခင့်ထံအပ်နှင်းခွင့်

အခွင့်အား ပေးပါလော့

ပေးပါလော့…သခင် …

ပေးပါလော့…

 

In: ကဗျာ Posted By: Date: Nov 2, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment