Professional Authors

နေ့ညနှင်းဆီ

မရူးချင်စမ်းပါနဲ့ကလေးရယ်
နေ့တွေညတွေမရှိဘဲ
ဘ၀ကို ရှေ့ဆက်ချင်လို့မရဘူး
ငါပြောပြတဲ့ အချစ်ဆိုတာကို
ပုံပြင်လို့ပဲသတ်မှတ်
မိဘစိတ်အတိုင်း အဆက်ဖြတ်လေ
အချစ်တွေအလွမ်းတွေကို
သေချာနားလည်ရင်း
တစ်ချိန်က ဆိုတဲ့အသိနဲ့
အားယူပြုံးပြလိုက်စမ်းပါ
အခြေအနေတွေကြောင့် ဝေးရတာလို့
ငါ လက်ခံတယ်
တကယ်တော့……
နှစ်ယောက်လုံး တစ်နေရာစီ
ချို့တဲ့ခဲ့ကြတာချည်းပဲ
နေ့တစ်ခြမ်း ညတစ်ခြမ်းနဲ့
ရင်ပွင့်မတတ်အလွမ်းတွေ
ချစ်သူ မခံစားရလေအောင်
နှင်းဆီတစ်ပွင့်
နင့်စာသင်ခုံပေါ်
ဘယ်တော့မှ  လာမတင်ဖြစ်တော့ဘူး

In: ကဗျာ Posted By: Date: Mar 15, 2012
Comment #1

phat phu ta lo lo pe,,
arr pay twar par d,

commentinfo By: ei lay at Mar 15, 2012
Comment #2

နှစ်ယောက်လုံး တစ်နေရာစီ
ချို့တဲ့ခဲ့ကြတာချည်းပဲ
နေ့တစ်ခြမ်း ညတစ်ခြမ်းနဲ့
ရင်ပွင့်မတတ်အလွမ်းတွေ

commentinfo By: kantkawmg at Mar 15, 2012
Comment #3

😛
😛
😛

commentinfo By: ei lay at Jul 27, 2012
Comment #4

( နေ့တစ်ခြမ်း ညတစ်ခြမ်းနဲ့
ရင်ပွင့်မတတ်အလွမ်းတွေ
ချစ်သူ မခံစားရလေအောင်
နှင်းဆီတစ်ပွင့်
နင့်စာသင်ခုံပေါ်
ဘယ်တော့မှ လာမတင်ဖြစ်တော့ဘူး )

အရမ်းကြိုက်တယ်ဗျာ …

ချစ်သူအပေါ်ထားတဲ့စေတနာ – တကယ်ဆို ရင်အရမ်းနာခဲ့ရတာပဲနော် … 🙂

commentinfo By: အလင်းရိုင်း at Oct 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment