Professional Authors

ဆူးမဲ့နှင်းဆီ

မင်းမပန်ချင်မှန်းသိပေမယ့်
ငါခူးပေးထားတယ်……
အရောင်အဆင်းမရှိတဲ့ငါ့အချစ်
ရနံ့သင်းသင်းတော့မွှေးပါတယ်….
မထည်ဝါတာမို့
တစ်နေရာစာမရလဲ….
အမေ့ခံဘ၀နဲ့ ပွင့်လန်းနေမယ်
ငါဟာနှင်းဆီတစ်ပွင့်ဆိုပေမယ့်
ဆူးမဲ့ခဲ့ရတာ….
မင်း ဆူးသင့်မှာစိုးလို့လေ…..
မင်းရက်စက်တယ်….
မပန်ချင်ထားလိုက်ပေါ့
ပွင့်လန်းနေတဲ့ပန်း
မပွင့်အောင် တားနိုင်စွမ်းမှမရှိတာ
မင်းနင်းခဲ့တာ ငါ့ဘ၀…..
ငါ့မာန ငါ့သိက္ခာ….
အခုတော့..
ဆူးမဲ့နှင်းဆီနဲ့အတူ
မြေပေါ်မှာပြားကပ်လို့……….။           ။

P.S.ဆူးမရှိတဲ့နှင်းဆီလိုဖြစ်ခဲ့ရတဲ့ သူငယ်ချင်းသို့…..

In: ကဗျာ Posted By: Date: Aug 16, 2011
Comment #1

အားပေးသွားတယ် ကိုလွမ်းနောင်

Comment #2

မင်းမပန်ချင်မှန်းသိပေမယ့်
ငါခူးပေးထားတယ်……
အရောင်အဆင်းမရှိတဲ့ငါ့အချစ်
ရနံ့သင်းသင်းတော့မွှေးပါတယ်

commentinfo By: May Kha at Aug 16, 2011
Comment #3

nice poem.
u love ur fri so so much naw.
all u wrote r for ur fri.

commentinfo By: ei lay at Aug 16, 2011
Comment #4

သူငယ်ချင်းချစ်သူအတွက်ရည်စူးတာလားဗျာ …………

commentinfo By: linlatarkar at Aug 16, 2011
Comment #5

မင်းနင်းခဲ့တာ ငါ့ဘ၀…..
ငါ့မာန ငါ့သိက္ခာ….

commentinfo By: chityellusoelay at Aug 16, 2011
Comment #6

တိုက်ဆိုင်လိုက်တာ…..

commentinfo By: နှိုင်းခ at Aug 16, 2011
Comment #7

အကုန်ကြိုက်ပါတယ် ဒါပေမယ့်အရောင်အဆင်းမရှိတဲ့ငါ့အချစ်ဆိုတာကတော့ နည်းနည်းအောက်သလားလို့
အရောင်အဆင်းနည်းတဲ့ ငါ့အချစ်ဆိုရင်တော်သေးပေါ့။
ဟုတ်လား …..

commentinfo By: နှင်းဝေမိုးလတ် at Aug 23, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment