အချစ်နှင်းဆီ
မိန်းကလေး မင်းပေးတဲ့ပန်းကအဖိုးမတန်ပေမဲ့ 
ရင်ခွင်အကြားမှာ သိုဝှက်ထားတုန်းပါ
မင်းပေးတဲ့ အချစ်ကပေါ့ပျက်ပေမဲ့ 
ငါရင်ခွင်အကြားမှာ သိုဝှက်ထားတုန်းပါ
အဖိုးမတန်တဲ့ နှင်းဆီတစ်ပွင့် နဲ့ 
ပေါ့ပျက်တဲ့အချစ်တစ်ခုကြောင့်
နောက်တစ်ခါ ရင်ခုန်မှာတောင်
စိုးရိမ်တတ်နေပြီလေ
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service