Professional Authors

လွမ်းရသူ … သို့ (night^)

မျှော်လင့်ခြင်းရဲ့
ကိုယ်သင်းရနံကြောင့် …
လှည့်ကြည့်မိကြောင်း
ဝန်ခံပါရဲ့

မလွှဲသာသလိုပဲ
ပြုံးပြလိုက်ဦးပေါ့ …
ချစ်ဦးသူရယ်

မချစ်သော်လည်း
အောင့်ခါနမ်းခဲ့တဲ့ …
မင်းရဲ့ ပင့်သက်ကြမ်းကြမ်းတို့အကြား
ငါက …
စိမ်းလန်း ခဲ့ဖူးတာပဲ

မာယာဝတ်ရုံ
မလုံတလုံနဲ့ …
မျက်ဝန်းလေး တစုံရေ …

လျှောက်ခွင့်မရတဲ့ လမ်းဆိုတာ
တိမ်တွေခမ်းသွားခဲ့တောင်မှ …
လှမ်းခွင့်မရတော့ဘူးကွဲ့

ဆောင်းဦးနှင်းပွင့်တို့ရဲ့
အရှေ့စူးစူး …
သမိုင်းတရွက်ကိုရေးသားဖူးတဲ့
သူရူးတယောက်ပဲကွယ်

နေခြည်တွေနဲ့အတူ
ငါ့ကို …
မေ့လျှော့ဝေ့ရီလိုက်ဦးပေါ့

night^

In: ကဗျာ Posted By: Date: May 25, 2010
Comment #1

ကဗျာလေးက အရမ်းကောင်းတယ်နော်
ခ့စားချက်ချင်းတူနေတယ် သယ်ရင်းရေ

commentinfo By: choco at May 28, 2010
Comment #2

good
I think its true story and transform to poem right

commentinfo By: december at Jul 18, 2010
Comment #3

အိုင်ထင်တယ်မှန်သွားပြီထင်တယ်

commentinfo By: ဖြိုး at Oct 2, 2010
Comment #4

မချစ်သော်လည်း
အောင့်ခါနမ်းခဲ့တဲ့ …
မင်းရဲ့ ပင့်သက်ကြမ်းကြမ်းတို့အကြား
ငါက …
စိမ်းလန်း ခဲ့ဖူးတာပဲ
……………………..
Really nice

commentinfo By: နွေ at Mar 16, 2013
Comment #5

အားပေးလျက်ပါ ကိုဘတ်ဘတ်

commentinfo By: သံလွင် at May 20, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment