Professional Authors

နှင်းပွင့်တို့၏ဆုတောင်း

နှင်းပွင့်တို့၏ဆုတောင်း

မြောက်ပြန်လေညှင်း တိုက်ခတ်ရူးချိန်
ဒီဆောင်းဟေမာန် သာမြချမ်းအေး
ဖိစီးနှိပ်စက် ခဲအေးတုန်တုန်
သူရိန်နေမင်း နွမ်းလျပန်းရော့
တိမ်ညိုလိပ်လိပ် အုံ့ဆိုင်းတုန်းမှာ
လေမှာဝှေ့ဝဲ သက်ဆင်းသည်။

ဖွေးဖွေးဖြူဖြူ အိမ်၏မိုးခေါင်
သစ်ပင်ဝယ်ထက် မြက်စိမ်းပန်းကြား
ဆင်းသက်ကျန်တင် အလှဆင်သည်
နှင်းပွင့်တို့၏ မေတ္တာတည်း။

မြေပေါ်နားစက် မကြာပေဘု
လေ၏အရှိန် တိုးဝေ့ရည်ပျော်
ပူရှိန်နေမင်း ရည်ငွေ့ပျံတက်
လူတို့တက်နင်း ဖိမိချေချေ
ဖိနပ်ဝယ်အောက် ပြယ်ပျောက်ရသည်
နှင်းပွင့်တို့၏ ဇာတ်သိမ်းတည်း။

မရှည်သက်ဆိုး မကူးခင်ဘဝ
ဖြူစင်သန့်ရှင်း ကြည်အေးချမ်းမြ
ချစ်မေတ္တာဖြင့် မြင်ရသောသူ
ချမ်းမြေ့စေသား ကိုယ်တူကြည်နူး
ချမ်းခိုက်တုန်းမှာ လှစေလောက
သန္တာန်နွေးလျှင် သူကျေနပ်သည်
နှင်းပွင့်တို့၏ ဆုတောင်းတည်း။

မောင်ပိုင်

In: ကဗျာ Posted By: Date: Jan 11, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment