Professional Authors

ဒေါင်းမိခင်၏ စကားသုံးခွန်း (မင်းသုဝဏ်)

နားဆို့နှုတ်ပိတ်၊ မျက်စိမှိတ်သည့်

အဟိတ်မပြား၊ ယုတ်တရားကို

မေ့သားမျက်ပျံ၊ တိုက်ဖျက်နွှံ၍

ဒေါင်းလံလွှင့်နိုင် ပါစေသောဝ်။ ။

 

ကြီးနိုင်ငယ်ညှင်း၊ ကိုယ်စိတ်ကျဉ်းအောင်

ငြိုးဖျဉ်းမုန်းထား၊ ယုတ်တရားကို

မေ့သားသက်နှံ၊ တိုက်ဖျက်နွှံ၍

ဒေါင်းသံရင့်နိုင် ပါစေသောဝ်။ ။

 

မျက်နှာရွေးချယ်၊ ကြီးနှင့်ငယ်ဟု

လူဝယ်ခွဲခြား၊ ယုတ်တရားကို

မေ့သားညက်စံ၊ တိုက်ဖျက်နွှံ၍

ဒေါင်းပျံဝင့်နိုင် ပါစေသောဝ်။ ။

 
(အိုးဝေ မဂ္ဂဇင်း၊ ၁၉၅၆-၅၇)

In: ကဗျာ,မင်းသုဝဏ် Posted By: Date: Mar 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment