Professional Authors

မှ…..သို့  ….. ပျော် ရွင် ပါ

 

ကျန်ခဲ့ရမှာ စိုးတဲ့အတွက်

လက်ကမ်းမှုတွေ..ချောင်ထိုးထားခဲ့တယ်

တံခါးတွေက…ပွင့်လျှက်။

 

မကောင်းပါဘူးဆိုတဲ့ကံ

ဇောင်းမပါတဲ့အချစ်ကို…ရှာလို့

မဟောင်းနွမ်းသော..မြတ်နိုးခြင်းနဲ့ ငါ ဟာ ယု ယ

ပြုစားခြင်းဆိုတာ…လူသားတိုင်းရှောင်ဖို့..မလွယ်ကူမှန်း

သိ…နေ..ရက်..နဲ့။

 

ဒီလိုနည်းနဲ့…ဆို…

ခုနှစ်ရောင်ခြယ်…မီးနဲ့မြိုက်သလို..

ငါ့အသည်းကို…စုတ်ပြတ် တိုက်.. ..စား ..တတ်မှန်းလည်း

နင် သိ တယ်

ဘယ်လိုစတေးလို့ ငါ့အသက်ကို ထိုးကျွေးလည်း

နင်..ပြန်..မလှည့်..ဘူး..ဆိုတဲ့လမ်းမှာ

ငါ ရှိ နေ ပေး ဆဲ။

 

ပြန် လာ ပါ လား ကွယ်

 

ငါမပြောရဲပါဘူး ။

 

နောက်ဆုံး..တက..နောက်ဆုံးဆို ကာ

နင့် အချစ်မှာ..ငါ ဟာ..ပုံအော

အရာရာ..ကျရှုံးဖို့ သက်သက်..အတွက်

နင့်အငြိုးတွေထဲ

မျှော်လင့်ချက်.မနက်ဖြန်များ..ရေ စုန် မျော  ခဲ့တယ်

 

နင်ရွေးချယ်တဲ့လမ်းမှာ..ငါ့အသည်းအသက် ချ ခင်း ရတဲ့အတွက်

အတောမသတ် အလွမ်းတွေ နဲ့ ငါ ဟာ အရင်လို ပြုံးပျော်နိုင်ဖို့

ဘယ် လို မှ မဖြစ်နိုင်တော့ ဘူး…မဖြစ်နိုင်တော့ပါဘူး…

 

ဒါပေမယ့်..အချစ်ရယ်

ဒါပေမယ့်ပေါ့………

နင့် လမ်း မှာ ငါ့အလွမ်းတွေနဲ့မနွမ်းစေလိုတဲ့ အခါ

ဒီအချိန်..နောင်အချိန်…ဘယ်လိုပင် ကျိမ် ဖြေ ရပါ စေ

နင်ထားခဲ့တဲ့ နောက် ပိုင်း

ငါ တကယ် အဆင်ပြေ ပါတယ်။


။ပျော်ပျော် ရွင်ရွင် စွန့် ပြစ် ခဲ့ပါ။

In: ကဗျာ Posted By: Date: Mar 12, 2012
Comment #1

oh,,,,,,,,
really nice & strong feeling.
if me,,impossible,
i don’t want to pass without love.

commentinfo By: ei lay at Mar 12, 2012
Comment #2

ပျော်ပျော်ကြီးကိုစွန့်ပစ်ခဲ့ပါတဲ့ စကားလုံးတွေကသေလို့ရတယ်နော် အစ်မတော်အသဲ လက်တွေဘယ်ကတည်းသွေးထားလဲမသိဘူး ထက်လွန်းသဗျ ။

commentinfo By: X - ray at Mar 13, 2012
Comment #3

အားပေးတဲ့အတွက်..ဖတ်သွားတဲ့အတွက်….ကျေးဇူးတင်ပါတယ်ခင်ဗျာ
..
X-Ray ရေးတဲ့ကဗျာလေးတွေ..ကျွန်တော် နှစ်သက်ရပါတယ်လို့

commentinfo By: အသဲကွဲမိုး at Mar 13, 2012
Comment #4

အသဲရေ……စာသားတွေကို အမြင်ခံစားမှု့တွေနဲ့ပေါင်းစပ်ခင်းကျင်းပြပုံကို အရမ်းသဘောကျတယ်
စာသားတွေရဲ့ အဖြတ်အတောက် ၊အပိုဒ်တွေခွဲခြားထားတာတွေက မြင်တာနဲ့ အသဲရေးထားမှန်း
သိသာစေတယ်လို့………တစ်ချို့က ကိုမိုး…….တစ်ချို့က မမိုးလို့လဲခေါ်ကြလို့ တမူထူးအောင် အသဲလို့ပဲ ခေါ်လိုက်ရပါသည်…..

commentinfo By: nate thit at Mar 13, 2012
Comment #5

အားပေးသွားတယ်။ဒီကဗျာကိုတစ်ကယ်ကြိုက်တယ်။
ရေးအားတွေကောင်းလာတယ်နော်။။။။။

commentinfo By: kathitni1980 at Mar 13, 2012
Comment #6

နင်ထားခဲ့တဲ့ နောက် ပိုင်း
ငါ တကယ် အဆင်ပြေ ပါတယ်။

commentinfo By: poohmay at Mar 13, 2012
Comment #7

တစ်ပုဒ်ချင်းစီ လိုက်ဖတ်တယ်.. အနော်ဖြစ်နေတာတွေကိုတစ်ခုချင်းစီ သိနေတယ်လို့တောင်ထင်မိတယ်..
တိုက်ဆိုင်လွန်းလှချည်လား မမိုးရယ်..

commentinfo By: FotiaPrincezz at Mar 13, 2012
Comment #8

မိုးးးးးဒီတစ်ခါအတည်ဗျာ….( ကျနော်ခင်ဗျားကိုချစ်တယ် )
ကဗျားကောင်းတွေကို ဖတ်ခွင့်ရလို့ ပိုတောင်ချစ်လာတယ် …မွမွ

ဒါပေမယ့်..အချစ်ရယ်

“”” ဒါပေမယ့်ပေါ့………

နင့် လမ်း မှာ ငါ့အလွမ်းတွေနဲ့မနွမ်းစေလိုတဲ့ အခါ

ဒီအချိန်..နောင်အချိန်…ဘယ်လိုပင် ကျိမ် ဖြေ ရပါ စေ

နင်ထားခဲ့တဲ့ နောက် ပိုင်း

ငါ တကယ် အဆင်ပြေ ပါတယ် ။ “””””

commentinfo By: sharon myorr myor at Mar 13, 2012
Comment #9

နင်ရွေးချယ်တဲ့လမ်းမှာ..ငါ့အသည်းအသက် ချ ခင်း ရတဲ့အတွက်
အတောမသတ် အလွမ်းတွေ နဲ့ ငါ ဟာ အရင်လို ပြုံးပျော်နိုင်ဖို့
ဘယ် လို မှ မဖြစ်နိုင်တော့ ဘူး…မဖြစ်နိုင်တော့ပါဘူး…

နင်ထားခဲ့တဲ့ နောက် ပိုင်း
ငါ တကယ် အဆင်ပြေ အရမ်းကြိုက်တယ် အသဲကွဲမိုးရယ်။

commentinfo By: raingirl at Mar 13, 2012
Comment #10

ကျွန်တော့်ကို အားပေးသွားကြသော ကျွန်တော့်ကို ချစ်သော မောင်နှမများအားလုံး
အထူးလေးစား ကျေးဇူးတင်လျှက်ပါ ခင်ဗျာ

commentinfo By: အသဲကွဲမိုး at Mar 13, 2012
Comment #11

အသဲကွဲမိုးကတော့ ဖတ်လို့ကောင်းနေတာပါပဲ။

ဒါပေမဲ့ ‘ဈာ ပ နာ’ကို ပိုကြိုက်တယ်။

commentinfo By: kantkawmg at Mar 13, 2012
Comment #12

ထပ်ဖက်ခဲ့တယ်ဗျာ~~~~~~~~

commentinfo By: ဂျစ်ပစီ(မင်းမင်း) at Mar 13, 2012
Comment #13

ကို kantkawmg နှင့် ဂျစ်ပစီ(မင်းမင်း) .. ကျေးဇူးတင်ပါတယ်ခင်ဗျာ

commentinfo By: အသဲကွဲမိုး at Mar 13, 2012
Comment #14

နောက်ဆုံး..တက..နောက်ဆုံးဆို ကာ

နင့် အချစ်မှာ..ငါ ဟာ..ပုံအော

အရာရာ..ကျရှုံးဖို့ သက်သက်..အတွက်

နင့်အငြိုးတွေထဲ

မျှော်လင့်ချက်.မနက်ဖြန်များ..ရေ စုန် မျော ခဲ့တယ်
အ၇မ်းကြိုက်တယ်

commentinfo By: Village chat kyi at Mar 13, 2012
Comment #15

မမိုး…တကယ်ကောင်းတယ် အမရာ..
ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး..
ကဗျာလေးက ရင်ထဲထိတယ် အမရာ……….

commentinfo By: poem.poem28 at Mar 14, 2012
Comment #16

village နဲ့ မောင်ရဲလေး..အားပေးမှုအတွက်.ကျေးဇူးအထူးတင်ပါတယ်လို့ 😀

commentinfo By: အသဲကွဲမိုး at Mar 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment