Professional Authors

လွမ်းနေလျှက်….ပါ

ကန်ရေပြင် မြေနီလမ်း..
မျှော်ကြည့်တိုင်းလည်း လွမ်းနေပြီ
သွေဖည်သွားတဲ့ ချစ်ဒေ၀ီ
ဘယ်သူ့ရင်မှာ နင်ရောက်နေလဲ…
အလွမ်းအဆွေးကို ပန်းလိုသီ..
စမ်းရေပြင်ဆီ မျှောချင်သည်
မရတာက ခက်နေပြီ..
ရတက်ပွေလီ ငါ့ရဲ့အဖြစ်
နင်မရှိတော့ စိတ္တဇအချစ်.ပေါ့
“အသွင်မတူ အိမ်သူမဖြစ်” ပါ
နင်ရှောင်ပြေးတော့ သိပ်ကိုမှန်တာ
စကားပုံရဲ့ အဓိပ္ပါယ်က..လေ
+နင့်..မာယာကို ငါယုံမှား
နင့်..အပြုံးကို ငါ ခင်တွယ်
နင့် အလှကို ငါ မြတ်နိုး..
အဲတော့လေ…….
ရင်ထဲမှာ ထပ်တိုးခဲ့တာ
မင်းပေးတဲ့ ဒီဒဏ်ရာ
နွေတစ်ရာလို ပူပြင်းတဲ့
အမုန်းဆုလာဘ် တစ်ခုပါ..
+အချစ်ပေးလို့ အချစ်မရ..
ဖြစ်ရတဲ့ ငါ့ ကံကြမ္မာ
သက်ရောက်မှုက မှားနေလေသလား…
ဝဋ်ကြွေးရှိရင် ကြေစေသား..
ဘုရားမှာ ဆုညွတ်တွားလို့..
မြေပထ၀ီ သက်သေပြု..
အချစ်စစ်တစ်ခု မင်းဆီမှာ
ပေးလိုက်တယ် ကောင်မလေးရာ….
ထာဝရအဖြစ် မင်း..ယုံပေးပါ
ကန်ရေပြင် မြေနီလမ်း..
မြင်လေတိုင်းပေါ့ ငါ့ ရင်မှာ
နင့် ကို လေ..
လွမ်းလို့နေလျှက်..ပါ ။ ။

In: ကဗျာ Posted By: Date: Dec 26, 2010
Comment #1

မြေပထ၀ီ သက်သေပြု..
အချစ်စစ်တစ်ခု မင်းဆီမှာ
ပေးလိုက်တယ် ကောင်မလေးရာ….
ကိုမိုးစက် ကောင်းတယ်ဗျာ… အားပေးသွားတယ်

commentinfo By: genius.jinx28 at Dec 27, 2010
Comment #2

ဟုတ်ကဲ့ပါ ခင်ဗျာ

Comment #3

လုလင် အားပေးသွားပါသည်

Comment #4

misssssssssssssss

commentinfo By: ei lay at Mar 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment