Professional Authors

မေတ္တာတံတား…

ဝေးရမှာကြောက်လို့

နင့်နှလုံးသားကို

မေတ္တာခန်းမှာ..သံယောဇဉ်ကြိုးနဲ့ချည်

သစ္စာသော့နဲ့အခါခါခတ်ပြီး

လုံခြုံအောင်သိမ်းခဲ့ပေမယ့်….

လွတ်လပ်မှုကိုခုံမင်တဲ့

နင့်နှလုံးသားက…

သံယောဇဉ်ကြိုးကိုဖြတ်

ကတိသစ္စာတွေပျက်ပြီး

ငါ့ရဲ့မေတ္တာခန်းကနေ..

ထွက်ခွာသွားမယ့်

နင့်ရဲ့ခြေလှမ်းတွေကို

ငါ..မြင်ပေမယ့်

ကောင်လေးရယ်

နင်ပျော်မယ်ဆို

နင်တို့ရဲ့မေတ္တာပေါင်းကူးအဖြစ်

ငါ့နှလုံးသားကို

တံတားခင်းပေးပါ့မယ်………

In: ကဗျာ Posted By: Date: Sep 12, 2011
Comment #1

nice one…

commentinfo By: Wai Phyo Aung at Sep 12, 2011
Comment #2

ကိုယ်နုလုံးသားကိုတောင်
ခင်းပေးမယ်ဆိုတာတော့
လေးစားတယ်။

commentinfo By: jenny at Sep 12, 2011
Comment #3

kwat ti be,,
kwat ti be,,,
kwat ti be,,

commentinfo By: ei lay at Sep 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment