Professional Authors

ငါ့ရဲ့ ဆုတောင်း

အချစ်စစ်ကို ရူးသွပ်မိခြင်း…..
မတူမတန် အနှိုင်းခံရတဲ့အခါ
အသည်းခိုက်အောင် နာမိတယ်……။

ဘ၀တူတွေလေ …..
အပေးယူမျှမျှချစ်တက်မိမှ
ပိုးစိုးပက်စက် ရက်စက်ခံရခြင်း
နှလုံးသားကွဲအောင် ဆွေးမိတယ်……။

မတွေ့ချင်လို့ နင်ရှောင်ထွက်
လှည့်ပတ်ပြေးခဲ့တဲ့ နင့်ပတ်ဝန်းကျင်တွေထဲ
အရူးအဖြစ် ဟားတိုက်ခံရခြင်း
ဦးနှောက်ပျက်မတက် ရှက်မိတယ်….။

လက်တွဲဖော်အဖြစ် မရပ်တည်ချင်ဘဲ
ဆယ်ယူနိုင်မယ့်တွဲလက် နင်ရွေးချယ်ခဲ့တဲ့အခါ
မယုံကြည်ခြင်းတွေနဲ့ ငါဆွံ့အ
အံသြမှုတွေနဲ့ ထိတ်လန့်နေမိတယ်…..။

ခံစားချက်အစစ်စစ်တွေနဲ့ နားလည်မှုတွေ ထိုးကျွေးခဲ့ပြီမှ
ဓနတွေကြီးစိုးနေတဲ့ တစ်စုံတစ်ယောက်ကို
နင် ဖက်တွယ်မိခဲ့ခြင်းဟာ
ငါ့ရဲ့ ရှင်သန်မှုတွေကို သိမ်ငယ်စေခဲ့တယ်……။

မပြီးဆုံးနိုင်တဲ့သံသရာတွေထဲ….
ငါ့မျက်ရည်တွေ ငါစတေး
ကျရှုံးသွားတဲ့ ငါ့စိတ်ကူးတွေအတွက်
ပြန်မဆုံနိုင်လည်း ငါဆုတောင်းမိပါတယ်
ငါ…နင့်အတွက်……..နောက်ထပ်…….မကြေကွဲပါရစေနဲ့……..။

In: ကဗျာ Posted By: Date: Dec 7, 2010
Comment #1

မိန်းမတယောက်ရဲ့ အချစ်ခံစားမှုလေး

commentinfo By: နှောင်းလူ at Dec 7, 2010
Comment #2

ဒီတစ်ယောက်ကြောင့် ကေ ခံစားပြီးပြီးပဲ နောက်တစ်ယောက်ကြောင့်တော့ ကေ လုံးဝ မခံစားရတော့ပါဘူး…………….
ဒီလူထက် ဆိုးတဲ့ မိုက်တဲ့ လူ မရှိတော့လို့ပါပဲ………..
မိန်းမတစ်ယောက်ရဲ့ အချစ်ကို ………တန်ဖိုးမထားတတ်တဲ့ လူ………
ပြီးတော့ ကေ မှတ်ထားပါ….. အဲ့လူက ကေ့ အချစ်နဲ့ မတန်လို့ပါ……………..

commentinfo By: Zin Zinn at Dec 23, 2010
Comment #3

ကဗျာလေး ဖတ်ပြီး ခံစားရပါတယ် ကေသရီ၊ ကျွန်တော့်ကြောင့်တော့ စိတ်အနှောင့်အယှက် မဖြစ်ပါနဲ့ဗျာ၊ ကျွန်တော် နောက်လျှာမရှည်၊ လက်မကမြင်းတော့ပါဘူး… မှားတာရှိရင် ဆောရီးပါဗျာ..

Comment #4

ရပါတယ် ကိုလိပ်ပြာရယ်…..ကေ့ကဗျာတွေက ကေ တစ်ခုခုကို ဟဉ်းစားမိတိုင်းရေးနေမိတာပါ ကေ့ကဗျာကို ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…ကိုလိပ်ပြာမှားတာလည်း မ၇ှိပါဘူး ကေသာ ကိုလိပ်ပြာရေးတဲ့ကဗျာမှာ ရန်တွေ့တဲ့ comment ပေးမိတာ sorry ပါ ကဗျာချစ်တဲ့သူတွေ အချင်းချင်းပဲရှင် ပြသနာမရှိပါဘူး

commentinfo By: ကေသရီ at Jan 7, 2011
Comment #5

ကျေးဇူးပါ ကေသရီ… ပျော်ရွှင်ပါစေဗျာ… 🙂

Comment #6

peace peace 😀 😀 …
nice poem !!!

commentinfo By: အသဲကွဲမိုး at Jan 7, 2011
Comment #7

oh,,,sorry to know.
one of my sayar is also felt that feeling now.
his gf chose a rich guy & left him.
now he is a good drinker & also smoke.

commentinfo By: ei lay at Jan 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment