Professional Authors

အသင်

အ သင် . . .
ငါ့ မျက် ၀န်း မှာ လည်း ညှို့ ချက် ဆို တာ
မ ဆင် မြန်း ခဲ့ ပါ . . .
ငါ့ အ ပြုံး မှာ လည်း မာ ယာ ဆို တာ
မ ကွန်း ခို ခဲ့ ပါ . . .
ငါ့ စ ကား မှာ လည်း မု သား လ င်္ကာ
မ ဖွဲ့ ဆို ခဲ့ ပါ . . .
အ ဘယ် သို့ များ ကြောင့် . . .
ငါ့ နှ လုံး သား အား . . .
အ သင်… ရက် စက် အ ငြိုး ကြီး စွာ
ချေ ဖျက် ခဲ့ ပါ သ နည်း . . . ။
တ ကယ် ဆို . . .
ခပ် စိမ်း စိမ်း တိုက် ခတ် နေ တဲ့ လေ စိမ်း ကြား မှာ
ရှင် သန် ပေါက် ရောက် နေ တဲ့
နှ လုံး သား မြက် ပင် နု ငယ်
သင့် အ ပေါ်
နာ ကျည်း ရက် စက် မှု တွေ နဲ့
တိုက် ခိုက် ခြင်း မဟုတ်
သင်… ရှင် သန် ဖို့ အ တွက်
တိုက် ခတ် ပေး ခြင်း ပါ . . . ။
နေ ၀င် ချိန် ရဲ့ အ လင်း တံ ခါး ပေါက် တွေ ကြား
အ လင်း ရောင် ဖျော့ တော့ တော့ လေး
ဝင် ရောက် လာ ရင် တောင်
အ သင့် ကို
မျှော် နေ ခဲ့ တယ် ဆို. . .
အ သင် ဟာ . . .
ငါ့ နှ လုံး သား ထဲ က တ စ္ဆေ တ ကောင်
ဖြစ် ခဲ့ ဖူး ပါ လိမ့် မယ် . . . ။
အ သင်
အ သင် ဟာ. . .
နေ မ ၀င် အင် ပါ ယာ တောင် ထောင် ခဲ့ ပြီး ပြီ ပဲ
အ ဘယ့် အ တွက် . . .
ငါ့ နှ လုံး သား ကို
ယဇ် ပူ ဇော် ဖို့ ကြံ ရွယ် နေ သေး သ နည်း . . . ။

ရှင်ထိပ်ထား

In: ကဗျာ Posted By: Date: Oct 18, 2010
Comment #1

အ သင်
အ သင် ဟာ. . .
နေ မ ၀င် အင် ပါ ယာ တောင် ထောင် ခဲ့ ပြီး ပြီ ပဲ
အ ဘယ့် အ တွက် . . .
ငါ့ နှ လုံး သား ကို
ယဇ် ပူ ဇော် ဖို့ ကြံ ရွယ် နေ သေး သ နည်း . . . ။

နှစ်သက်စွာအားပေးသွားပါတယ်ခင်ဗျာ

commentinfo By: အသဲကွဲ မိုး at May 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment