Professional Authors
အမှတ်တရ ရက်စွဲ ၁
အိမ်မက်ထဲ မျက်နှာမပါသူတွေ ၀င်ရောက်လာကြ
ဘယ်ရယ်လို့ မသိတဲ့ သတ္တ၀ါတွေ
ဘယ်ရယ်လို့ မသိတဲ့ ပြဇာတ်တွေနဲ့ 
ညက အိမ်မက်ထဲကို သောင်းကျန်းနေကြပုံများ..
ကသိကအောက်လုပ်ပုံများ..
ကျကျနန ခင်းနေကြ မနက်တောင်
ကပေါက်တိကပေါက်ခြာ ဖြစ်လို့ 
ကော်ဖီတွေ အရသာမဲ့ ကြ ..ကျေးငှက်တွေ တေးမသီကြ..
ဟောဒီက ပဲပြုတ်…..အသံတွေကြား..
မနက်ကို ခေါက်ရိုးကျကျနန သိမ်း
ရွှက်စုတ် ပြက္ခဒိန် တစ်ရွှက် ဖြဲဖို့ ..ဒီနေ့ မှ နေမထိ မထိုင်သာ ဖြစ်တယ်..
……မတ်၂၂ အင်္ဂါနေ့ ..
နေမထွက်ခင်..နေမွန်းမတည့်မှီ..နေမ၀င်ခင်..ညမိုးမချုပ်ခင်..
ဖုန်းတစ်ချက်ခေါ်ဖို့ အရေး..စစ်ထွက်စစ်သူကြီးတစ်ယောက်..
စစ်နတ်ဘုရားထံ အားအင် တွေ တောင်းဆုပန်သလို မျိုး..ဆုတောင်းရ..
ဆိုင်းဗုံမဆင့် ရောက်လာမှာ ကြောက်လန့် သလိုမျိုး ကြောက်လန့် ရ…
သေချာတယ်..ဒီည ..အတွေး နဲ့ အိမ်မက်တို့ ရဲ့
ပျော်ပွဲရွှင်ပွဲ …စားသောက်ပွဲ…
” ဟဲလို ..သူမ ရှိပါသလာ…ခင်ဗျာ..”…။….။(လုလင်ငယ်သွေး)
In: ကဗျာ Posted By: Date: Aug 4, 2011
Comment #1
သေချာတယ်..ဒီည ..အတွေး နဲ့ အိမ်မက်တို့ ရဲ့ 
ပျော်ပွဲရွှင်ပွဲ …စားသောက်ပွဲ…
” ဟဲလို ..သူမ ရှိပါသလာ…ခင်ဗျာ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
commentinfo By: အသဲကွဲမိုး at Aug 4, 2011
Comment #2
ကောင်းတယ်ဗျအားပေးသွားပါတယ်။
commentinfo By: poem.poem28 at Aug 4, 2011
Comment #3
ကောင်း၏
commentinfo By: songmoezin at Aug 4, 2011
Comment #4
နေမထွက်ခင်..နေမွန်းမတည့်မှီ..နေမ၀င်ခင်..ညမိုးမချုပ်ခင်..
ဖုန်းတစ်ချက်ခေါ်ဖို့ အရေး..စစ်ထွက်စစ်သူကြီးတစ်ယောက်..
စစ်နတ်ဘုရားထံ အားအင် တွေ တောင်းဆုပန်သလို မျိုး..ဆုတောင်းရ..
စစ်ပွဲရောက် အိမ်သားတစ်ယောက်ရဲ့ ..မမျှော်လင့်တဲ့ သတင်း..
ဆိုင်းဗုံမဆင့် ရောက်လာမှာ ကြောက်လန့် သလိုမျိုး ကြောက်လန့် ရ…
သေချာတယ်..ဒီည ..အတွေး နဲ့ အိမ်မက်တို့ ရဲ့ 
ပျော်ပွဲရွှင်ပွဲ …စားသောက်ပွဲ…
” ဟဲလို ..သူမ ရှိပါသလာ…ခင်ဗျာ..”…။….။
သုံးစွဲသွားတဲ့စာသားတွေ တော်တော်လေးကို….မိုက်၏။ ကြိုက်သည်။
commentinfo By: terry at Aug 4, 2011
Comment #5
ကျေးဇူးပါ
Leave Comments
Name*
Email*
Website
Email me whenever there is new comment