Professional Authors

ရာစုနှစ် သက္ကရာဇ်သစ် အချစ်စစ်

သက္ကရာဇ်ဖြိုကြည့် ကဗျာရှိတယ်
ရာစုနှစ်ဖြိုကြည့် ရာဇဝင်ရှိတယ်
ခေတ်ဟောင်းဖြိုကြည့် အချစ်ရှိတယ်
နှစ်ဟောင်းဖြိုကြည့် အပြစ်ရှိတယ်တဲ့…

သို့သော်…

ငါတို့သိလိုက်တဲ့ အခိုက်တန့်လေးမှာ
ခုနှစ်သက္ကရာဇ်တွေကြား ငါတို့ခရီးသွားရင်း
ခေတ်သစ်တစ်ခုဆီ ငါတို့ရောက်ရှိခဲ့တယ်
ငါတို့ညည်းတွားနေတဲ့ ခေတ်ဗျောစည်သံက
ဝေဟင်မှာ ပြန့်နှံတိုက်ခိုက်လို့ ကမ္ဘာတစ်ခေတ်ရဲ့
မင်းဆိုး ကဒါဖီကို ချေမှုန်းပြစ်တဲ့ ၂၀၁၁ကို ငါတို့ရောက်ရှိခဲ့တယ်…

သို့သော်….

ငါတို့မကျေသေးတဲ့ စစ်ပွဲတစ်ခုက
ငါတို့ရင်ခွင်တွေကို တိုက်ခိုက်စော်ကားတုန်း
လေးရူးသုန်သုန် အပြောစုံတဲ့ သတင်းရပ်ကွက်ထဲ
ခြေရာခံမိလို့ ဖမ်းဆီးသွားတဲ့ ငါတို့အတွေးတွေက
အတိက်မှာ စိတ်သုန်းသွားခဲ့လို့ မျောချင်ရာ မျောတဲ့
ဗေဒါတွေလို စိတ်ချောက်ချား သွေးပျက်ရင်း
မိခင်ရဲ့ ဝမ်းကြာတိုက်မှာ နောက်တစ်ကြိမ် သန္ဓေတည်ခဲ့ရတယ်..

အခုတော့…

ငါတို့စိတ်ဓာတ်တွေ ပလ္လင်ခံစကားပြောရင်း
နယ်မြေစစ်ကျောတစ်ခုလုံး ကောက်သင်းကောက်သလို
အလောင်းတွေထမ်းပိုး မေတ္တာစိတ်သုန်းသော လမိုက်ညကို
ဖြတ်သန်းလာတဲ့ ပိုးစိမ်းကြူးကို ရန်သူထင်ပြီး ပစ်.. ပစ်ချက်အထိနာလို့
အချစ်ဘုရင်ခံ မဟာမိတ်တပ်တောင် သွေးကြောက် ဘေးရောက်သွားတယ်…

အချို့က…

အသွင်သဏ္ဍာန်ပြောင်း ချစ်ဟောင်းတွေနစ်ကာမှ
အပြစ်ဟောင်းမကြေခဲ့ ကျေနပ်သလောက် အသေဖြောင့်အောင်
နမူနာပုံထိုးသည့် ကဒါဖီလို ပြာပုံတိုးစေချင်ရဲ့ သို့သော် အချစ်က
ငါတို့အတွက် အတိက်ကောင်း သမိုင်းပုံရိပ်လို ရာစုနှစ် သက္ကရာဇ်သစ်မှာ
နိမိတ်ကောင်းတွေ သယ်ဆောင်ခဲ့ပါတာ ဘဝရှင်သန် ထင်ကျန်တဲ့ထိပေါ့..။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Oct 23, 2011
Comment #1

ကောင်းလိုက်တာဗျာ။သက္ကရာဇ်ဖြိုကြည့် ကဗျာရှိတယ်
ရာစုနှစ်ဖြိုကြည့် ရာဇဝင်ရှိတယ်
ခေတ်ဟောင်းဖြိုကြည့် အချစ်ရှိတယ်
နှစ်ဟောင်းဖြိုကြည့် အပြစ်ရှိတယ်တဲ့…

commentinfo By: poem.poem28 at Oct 23, 2011
Comment #2

ကျေးဇူးတင်ပါတယ်………
အခုလို အားပေးသွားတဲ့အတွက် ကျွန်တော် အထူးဝမ်းသာမိပါတယ်..

Comment #3

စာသားတွေ စကာလုံးတွေ သဘောကျတယ်ဗျာ
လုလင် အားပေးသွားပါတယ်
ငါတို့စိတ်ဓာတ်တွေ ပလ္လင်ခံစကားပြောရင်း
နယ်မြေစစ်ကျောတစ်ခုလုံး ကောက်သင်းကောက်သလို
အလောင်းတွေထမ်းပိုး မေတ္တာစိတ်သုန်းသော လမိုက်ညကို

Comment #4

ဟုတ်ကဲ့ ….ကျေးဇူးတင်ပါတယ်…………ကျွန်တော် ကိုယ်တိုင်လည်း ကြိုးစားနေဆဲပါ………..အခုလို အားပေးသည့် အတွက် ကျွန်တော် အထူး ကျေးဇူးတင်နေပါတယ်……..ခင်ဗျာ….

Leave Comments

Name*

Email*
Website
Email me whenever there is new comment