Professional Authors

ချစ်သ၀ဏ်လွှာ

နူးညံ့ရုပ်သွင် ၊ စွဲမှတ်ထင်လို့
ဘ၀င်အသဲ ၊ နင်ပဲစိုးခဲ့
ပြုံးတဲ့နှုတ်ချို ၊ လှိုက်ဖိုရင်မှာ
ရောက်လာတတ်မြဲ ၊ အိပ်မက်ထဲဝယ်
နင်ပဲစိုးခဲ့ ၊ ညှို့တဲ့မျက်ဝန်း
ရင်မှာထွန်းပ ၊ ရွှန်းတဲ့လလို
အလှပိုသူ ၊ ငါ့ကိုရူးစေ
ထူးနေစမြဲ ၊ မျှော်လဲပဲငါ
ချော်လွဲသွားမှာ ၊ စိုးရိမ်လာသူ
ကာရံမဲ့လွမ်း ၊ ရင်၌ကျွမ်းခဲ့
စွမ်းခဲ့လေသူ ၊ ချစ်စိတ်မူကား
သူသာငါ့ရဲ့မြတ်နိုးရာ ။

လွမ်းလှိုင်း

In: ကဗျာ Posted By: Date: Jun 26, 2010
Comment #1

အရေးအသားကောင်းတယ်ဗျ ဆက်ကြိုးစားပါဗျာ အားပေးနေပါတယ် ..

commentinfo By: Linn Thet Tant at Jun 27, 2010
Comment #2

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကြိုးစားနေပါတယ်

commentinfo By: lwanhlainge at Jun 27, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment