Professional Authors

ကဗျာမမှီ စာမမှီ

ပန်းပန်မှ နန်းဆန်တယ်တဲ့
အလှကြွယ်တဲ့ မောင့် ချစ်သူက
ရှုမဝတဲ့ ယဉ်တစ်ကိုယ်မယ်..၊
ပျိုခင်ရဲ့ အလှကလည်း
စာသလို့မှ မရနိုင်တာ..
ကဗျာစီလို့တော့
ဘယ်မမှီပေါ့…။

နွဲနှောင်းတဲ့ ကိုယ်ကာယ အလှ
ကဗျာလက်မှိုင်ကျလောက်ပေတယ်..၊
ဘုံကြိုးပြတ်တဲ့ မိုးနတ်မဒီတောင်မှ
အရှုံးပေးရတယ်ထင်..
ကြင်နာတဲ့သူက အမရာအလှနဲ့ဂုဏ်တင်..။

ပန်းပန်ပေမယ့် ပန်းထက်ပိုလှတယ်
မာယာအကနဲ့ အလှဆင်ခဲ့သူ
ရင်ပူအောင်လည်းပြုစားခဲ့သူ
ဖြူဥတဲ့ သူ့မျက်နှာကတော့
ကဗျာမမှီ စာမမှီ ပေါ့..။

ဇော်သက်ဦး

In: ကဗျာ Posted By: Date: Aug 1, 2011
Comment #1

ပန်းပန်ပေမယ့် ပန်းထက်ပိုလှတယ်
မာယာအကနဲ့ အလှဆင်ခဲ့သူ
ရင်ပူအောင်လည်းပြုစားခဲ့သူ
ဖြူဥတဲ့ သူ့မျက်နှာကတော့
ကဗျာမမှီ စာမမှီ ပေါ့..။ စာသားတွေက ကဗျာမမှီ စာမမှီကို လှတယ်ဗျာ ။

commentinfo By: X - ray at Aug 1, 2011
Comment #2

he..he..
kyat ti taung hta de.

commentinfo By: ei lay at Aug 1, 2011
Comment #3

နောက်ဆုံးအပိုဒ်အကြိုက်ဆုံးးးး ၀ိုင်ခံစားပေးသွားပါတယ်…

commentinfo By: songmoezin at Aug 2, 2011
Comment #4

မိုက်တယ် တစ်ပုဒ်လုံး ကြိုတ်တယ်…
တော်လိုက်ကြတာနော်….

commentinfo By: မယ်မနော at Aug 2, 2011
Comment #5

ကိုစံလင်း သီချင်းလားလို့ ဝင်ဖတ်ကြည့်တာ..။
ကဗျာလေးပဲ..၊ကောင်းပါတယ်…။

commentinfo By: ဆည်းဆာ at Aug 2, 2011
Comment #6

ကဗျာလေးကို တစ်ပုဒ်လုံးကြိုက်တရ်…
ချစ်သူမိန်းကလေးအလှကို ဖွဲ့ထားတဲ့ စာသားလေးတွေ အရမ်းလှတရ်..
အဓိပ္ပါယ်လည်းရှိတရ်… အရမ်းကောင်းတဲ့ကဗျာလေးလို့
မှတ်ချက်ပြုခဲ့တရ်.. မောင်လေး …ရေ

commentinfo By: sandi at Aug 2, 2011
Comment #7

အားပေးသွားတယ်

commentinfo By: Village chat kyi at Aug 2, 2011
Comment #8

အားလုံးကို ကျေးဇူးအထူးတင်ပါတယ်…။

Comment #9

နွဲနှာင်းတဲ့ ကိုယ်ကာယ အလှ
ကဗျာလက်မှိုင်ကျလောက်ပေတယ်..၊
ဘုံကြိုးပြတ်တဲ့ မိုးနတ်မဒီတောင်မှ
အရှုံးပေးရတယ်ထင်..
ကြင်နာတဲ့သူက အမရာအလှနဲ့ဂုဏ်တင်..။
မိုက်တယ်ဗျိုး..!!

commentinfo By: ဖိုးနမ်း at Aug 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment