Professional Authors

“ပြောင်းလဲခဲ့ပြီလားအတာ“(ဒီတူးဆစ်တောင်ငူ)

 

“ပြောင်းလဲခဲ့ပြီလားအတာ“

 

                                    

 

သြော်……

ဘာလိုလိုနဲ့..

နှစ်တွေကူးပြောင်း

ပိတောက်တွေတောင်

ဖူးလို့နေပြီ နော်………

 

လွမ်းလိုက်တာ “ အတာ ”

အိပ်မက်တွေလို  ပျောက်ပျယ်ခဲ့ရတဲ့

နေ့ရက်တွေ..

အချိန်နာရီ တွေ….

စက္ကန့်တွေ…က

သတိတရ နဲ့

ရင်ခွင်ကိုတံခါးခေါက် လို့ …

အလွမ်းတွေကို

အလိုက်တသိ ဆက်သလိုက်ပြန်ပြီ “ အတာ ”

 

ပိတောက်ကပဲ သစ္စာမရှိတာလား

ရာသီစက်ဝန်းကပဲ ဖောက်ပြန်ခဲ့တာလား

“ အတာ ” မင်းကပဲ ကတိမတည်ခဲ့တာလား

အပြောင်းလဲကြီး ပြောင်းလဲနေကြတဲ့

ခုချိန်အထိတောင်

မင်း အတွက် ငါ့ရင်ထဲကချစ်ခြင်းတွေက

မပြောင်းလဲနိုင်သေးဘူး“အတာ”။

 

 

ဒီတူးဆစ် (တောင်ငူ)

In: ကဗျာ Posted By: Date: Mar 4, 2012
Comment #1

hman like lay chin,,

commentinfo By: ei lay at Mar 4, 2012
Comment #2

ပိတောက်ကပဲ သစ္စာမရှိတာလား
ရာသီစက်ဝန်းကပဲ ဖောက်ပြန်ခဲ့တာလား
“ အတာ ” မင်းကပဲ ကတိမတည်ခဲ့တာလား
အပြောင်းလဲကြီး ပြောင်းလဲနေကြတဲ့
ခုချိန်အထိတောင်
မင်း အတွက် ငါ့ရင်ထဲကချစ်ခြင်းတွေက
မပြောင်းလဲနိုင်သေးဘူး“အတာ”

commentinfo By: kantkawmg at Mar 4, 2012
Comment #3

ဟုတ် ကျေးဇူးပါ

commentinfo By: D26 at Mar 4, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment