Professional Authors

ခေတ်အမော

ငါ….
ဒီအတိုင်းရေးလိုက်တဲ့ ကဗျာ
မင်းဘက်ကအမြင်
…..
နှုတ်တိုက်အမေးခံရသောမေးခွန်းများ
ဈေးဝယ်ထွက်တဲ့ မင်းသမီးလေးတစ်ယောက်အကြောင်း
ထစ်ချုန်းပြီးပေါ်လာတဲ့ သတင်းရပ်ကွက်များ
ကြားမှာ
အဲ့ ဒီကြားမှာကဗျာအစအနလေးက
ဘာကိုမှပမာမခန့် 
ရိုးတိုးရိပ်တိတ်
….
ဒေါသူပုန်ထရခြင်းရသစာပေများ
စာကြည့် တိုက်ပေါင်းများစွာထဲက
စာမဖတ်တော့ တဲ့ ခေတ်များ
စိတ်ပျက်ငြီးငွေ့ သော
ပြောင်းလဲခြင်းတရားမှာ
ခဏခဏ ဖြည်ဝတ်နေကြသော
ကိုယ်ကျင့် တရား
…………..
အလို
အို……ကဗျာ
သင်နှင့် သင့် အတွေ့ ကြုံများ
တာဝန်ကျေနေပါသေးသည်။
…………………..
…………………..
                       မင်းလူန

In: ကဗျာ Posted By: Date: Feb 28, 2012
Comment #1

ဟုတ်တယ်ဗျာ တကယ့် တန်ဖိုးရှိတဲ့ ကဗျာ လို့ ထင်ပါတယ်.

commentinfo By: peterkhup at Feb 28, 2012
Comment #2

စိတ်ပျက်ငြီးငွေ့ သော
ပြောင်းလဲခြင်းတရားမှာ
ခဏခဏ ဖြည်ဝတ်နေကြသော
ကိုယ်ကျင့် တရား

commentinfo By: May Kha at Feb 28, 2012
Comment #3

စာကြည့် တိုက်ပေါင်းများစွာထဲက
စာမဖတ်တော့ တဲ့ ခေတ်များ

commentinfo By: နတ်သမီး at Feb 28, 2012
Comment #4

ကောင်း၏ ပညာများဥာဏ်မှီသလောက်ရလိုက်ပါ၏ ။

commentinfo By: X - ray at Feb 28, 2012
Comment #5

ဒေါသူပုန်ထရခြင်းရသစာပေများ
စာကြည့် တိုက်ပေါင်းများစွာထဲက
စာမဖတ်တော့ တဲ့ ခေတ်များ
စိတ်ပျက်ငြီးငွေ့ သော
ပြောင်းလဲခြင်းတရားမှာ
ခဏခဏ ဖြည်ဝတ်နေကြသော
ကိုယ်ကျင့် တရား

commentinfo By: kantkawmg at Mar 1, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment