ရှေ့ဆက်လျှောက်ပါ မောင်…..ငါ အမြဲ ခွင့်လွတ်ပေးတယ်….။
မောင်
အတိတ်ထဲ ပြန်သွားကြလည်း
စိတ်ကူးနဲ့ပဲကောင်းပါတယ်….
လူကိုယ်တိုင် ဆုံစည်းကြဖို့က
ဒီအခြေအနေတွေက ခြားနေတယ်…..။
မောင်
ပြန်ဆုံမယ့်လမ်း
ဘယ်အခါမမြင်ရလည်း….
စိတ်သဘောထားတို့နဲ့ ပဲဆိုင်ပါတယ်….
ဘယ်တော့မှ လက်တွဲခွင့်မရတော့လည်း
နှလုံးသားထဲထိ စူးနစ်
အရမ်းချစ်ခဲ့လို့လည်း ဂုဏ်ယူတယ်….။
မောင်
အနာဂတ်အတွက် ပူးဆွေးခွင့်ရလည်း
မောင်နဲ့ ဆက်နွယ်နေလို့ကျေနပ်ပါတယ်
မောင်သာ ဖြေသာအောင်တွေး
ငါ ဘယ်သူ့ရင်ခွင်ကိုမှ
မမှီမှေးဘူးဆိုတာကို
နောက်နောင်အချိန်ဆို မောင် သိခွင့်ရပါလိမ့်မယ်….။
မောင်
ခံစားချက်တို့ ရင်မှာ ဗလာကျင်းချခံခဲ့ရလည်း
အခိုက်အတန့်လောက်ပဲ ကောင်းပါတယ်
အချိန်ဆိုတာက
ငါတို့အတွက်
အရာရာကို ကုစားပေးလိမ့်မယ်…။
မောင်
ဖြစ်ချင်တာတို့ ဖြစ်ခွင့်မရလည်း
ဖြစ်သင့်တာတွေအတွက် မောင် ပေးဆပ်နိုင်ပါတယ်…
နားလည်မှုတစ်ခုနဲ့သာ ကျောခိုင်းကြရင်း
ငါ့ရဲ့ ရင်ခုန်သံတွေ
မောင့်အနားမှာ ကျန်ရစ်ခဲ့တယ်…။
မောင်
လွန်ဆန်ခွင့်မရတော့တဲ့ ၀ဲဂယက်ထဲ
တေလေလွင့်မှုတွေ ရပ်စဲပြီး
ဘ၀အတွက် ရင့်ကျက်မှုတွေ တည်ဆောက်ပါ
အတည်တကျဖြစ်လာမယ့် သတင်းစကားတွေအတွက်
ငါ လှိုက်လှိုက်လှဲလှဲ ၀မ်းသာချင်ပါတယ်…။
မောင်
နောင်မှ ရလေ့ရှိတဲ့ နောင်တတွေနဲ့
ဘယ်တော့မှလည်း ပြိုလဲ မကျလိုက်ပါနဲ့
ငါ အရာရာကို စာနာပေးတယ်…
ရှေ့ဆက်လျှောက်ပါ မောင်….(အရင်ကလို)
ငါ အမြဲ ခွင့်လွတ်ပေးပါတယ်…..။
အလွမ်း(ကေသရီ)
Comment #2
အလွမ်း….ကဗျာလေးဖတ်ပြီး…စိတ်မကောင်းပါဘူး…အမ
ထပ်တူခံစားသွားပါတယ်။
By: poem.poem28 at Nov 4, 2011
Comment #3
mg,,,go ahead,,,
i forgive u
By: ei lay at Jan 30, 2012
Comment #5
တကယ်ကိုကောင်းတဲ့ကဗျာလေးပါ …..
By: laypyae at Sep 23, 2012




Comment #1
လွန်ဆန်ခွင့်မရတော့တဲ့ ၀ဲဂယက်ထဲ
တေလေလွင့်မှုတွေ ရပ်စဲပြီး
ဘ၀အတွက် ရင့်ကျက်မှုတွေ တည်ဆောက်ပါ
အတည်တကျဖြစ်လာမယ့် သတင်းစကားတွေအတွက်
ငါ လှိုက်လှိုက်လှဲလှဲ ၀မ်းသာချင်ပါတယ်…။