Professional Authors

ရိုးသားမှု……..

မာယာကို ကလဖန်ထိုးသလို့ 
ဘယ်သူတွေများ ကျရူံးဖူးသလဲ
ကိုယ်ရုပ်ကို မှန်ထဲပြန်ကြည့်လို့ 
ငါးပါးသီလ မလုံခဲ့တာလည်း ကြာပေါ့
အရိပ်မဲ နောက်ကလိုက်သလို့ 
ထပ်ဖန်သလဲ ၀ဋ်လိုက်ခံနေရတဲ့ ဘဝ
အိုလောက …………
တစစ်စစ်ကိုက်နေတဲ့ ဒဏ်ရာချက်နဲ့ 
ငါကိုယ်တိုင်လည်း  ရုန်းမထွက်သာဘူး
လောက၀တ်ဆိုတာ ခဏဖယ်လို့ 
ရုန်းကန်နေတဲ့  လူတွေကြားမှာမှ
ရိုးသားမှုဆိုတာ ဖုန် အထပ်ထပ်နဲ့ 
လက်ပြောင်းလက်လွှဲ ကစားနေသလို့ 
ညစ်ပတ်နေတာကြာပြီပေါ့……..
ဖောက်လွဲဖောက်ပြန် အသိ
လိုချင်တက်မက်မှု အမြင်
ခံစားချက်ကို  အရောင်ပြောင်းလည်းတက်တဲ့
မျက်နှာထားနဲ့  မာယာများတဲ့
ဒီဝန်းကျင်မှာ နေသားကြနေတာ ကြာပေါ့
တခါလောက်တော့ ရိုးသားခွင့်နဲ့ ကြုံချင်သေးတယ်…။

In: ကဗျာ Posted By: Date: Dec 16, 2010
Comment #1

ငါးပါးသီလ မလုံခဲ့တာလည်း ကြာပေါ့….

တကယ်မလုံတာလားဟင်… ငါ့ညီနော် ဒု သ န သော။ အဟီးး

commentinfo By: moezat at Dec 16, 2010
Comment #2

မာယာများတဲ့ လောကကြီးမှာ ငါးပါးသီလကို အများဆုံး ကျူးလွန်ကျတာက မုသားပြောကြတာပဲလေ ကို မိုးဇတ်ရ..။ ဒု သ န သော က ကျနော်က ဗုဒ္ဒဘာသာဝင်မို့  တည်မြဲပါတယ် အကိုရေ…..။ ကဗျာ အဖြစ် တင်စားပြီးရေးထားတာပါ ..။ ကိုယ်ဘက်ကို ကြည့်ပြီးပြောရမယ်ဆိုရင် ကျနော် ကိုယ်ကျင့်တရားကို ခိုင်မြဲအောင် ထိန်းသိမ်းနေပါတယ် ကို မိုးဇတ်ရေ…… ကျေးဇူးတင်ပါတယ် အားပေးသွားလို့ ……. 🙂

commentinfo By: နှောင်းလူ at Dec 17, 2010
Comment #3

အေးပါကွာ အစ်ကိုကလည်း ညီ့ကိုစတာပါ။။။ ချိတ်မချိုး၇ဘူးနော်။။။ 😀

commentinfo By: moezat at Dec 17, 2010
Comment #4

မာယာကို ကလဖန်ထိုးသလို့ 
ဘယ်သူတွေများ ကျရူံးဖူးသလဲ
ကိုယ်ရုပ်ကို မှန်ထဲပြန်ကြည့်လို့ 
ငါးပါးသီလ မလုံခဲ့တာလည်း ကြာပေါ့
အရိပ်မဲ နောက်ကလိုက်သလို့ 
ထပ်ဖန်သလဲ ၀ဋ်လိုက်ခံနေရတဲ့ ဘဝ
အိုလောက …………

commentinfo By: han paing oo at Aug 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment