Professional Authors

ဗေဒါလမ်း (၇) – တေးစုံနဲ့ ဘဲ (ဇော်ဂျီ)

တီတာတာ
ကညာမေဘုတ်က ၊ ရွှေနုတ်ချိုသွေး။
ကျူရိုးရှင်ပီပီနွဲ့၊ လွမ်းမယ်ဘွဲ့တေး။

ပဒေသာ
ထေရ်ဝါရည်စူးလို့၊ လှေဦးမှာလေး။
ကျူရိုးရှင် ပီပီနှော၊ စည်ဗြောသံတေး။

သောင်အခြေ
ခေါင်ရေလေမြူးတော့၊ ရေရူးတွေဖွေး။
ကျူရိုးရှင် ပီပီဟိန်း၊ ဗိန်းဗောင်းသံတေး။

အကောင်သေ
တောင်လေရေတက်တော့ ၊ ရေယက်နဲ့ထွေး။
ကျူရိုးရှင် ပီပြီွေကး၊ ငိုချင်းသံတေး။

တက်မကူ
ရွက်ဖြူပူပေါင်းနဲ့ ၊ လှေလောင်းကိုယ်လေး။
ကျူရိုးရှင် ပီပီပျိုး ၊ ဘွဲ့ကြိုးသံတေး။

ပြူ့တပြူ
မြေငူဓနိကျွန်း၊ သောင်ထွန်းပြီလေး။
ကျူရိုးရှင် ပီပီနော့၊ သားချော့သံတေး။

တေးမျိုးရယ်စုံ ၊ ကုန်နိုင်ပါလေဘဲ။
မဗေဒါစုန်ဆန်မြဲ ၊ တေးစုံနဲ့ဘဲ။ ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်၊ ၁၉၅၇ – ၁၉၅၉)

In: ကဗျာ,ဇော်ဂျီ Posted By: Date: May 7, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment