Professional Authors

သူစွန့်ခဲ့တဲ့ နေ့ရက်များ

သူစွန့်ခဲ့တဲ့ နေ့ရက်များ
————————
တစ်ချိန်တစ်ခဏ အမှတ်တရလေးရယ်….
သူဘယ်သူ ကိုယ်ဘယ်သူ မသိသေးတဲ့
ကွန်ရက်ချိတ်ဆက်မှုအောက်မှာ
တစ်ယောက်ကိုတစ်ယောက်
စကားဖောင်ဖွဲ့ ဖလှယ်ရင်းပေါ့
သာယာမှုတွေနဲ့ နေ့ရက်ဆက်ခဲ့တယ်…
onlineလေးရဲ့ နွေးထွေးမှုတွေနဲ့
offlineလေးရဲ့အေးစက်မှုတွေကြား
တို့နှစ်ယောက် ဗျာများခဲ့ကြတဲ့
အမှတ်တရ G talk လေးရယ်…..
တစ်ယောက်နဲ့တစ်ယောက်
မြတ်နိုးစွာချစ်ခဲ့ကြတုန်း
ရင်ခုန်သံခြင်း ထပ်တူပေါ့
နှလုံးသားထဲကို လှုပ်နှိုးခဲ့တဲ့
စကားလေးတစ်ခွန်း ပြန်မြင်ရောင်ကြားရောင်မိတယ်….
ကိုယ်မချစ်တော့တဲ့ နေ့အထိချစ်သွားပါရစေတဲ့
passwordတွေ ဖလှယ်ရင်း
တစ်နေ့မှာ တူညီတဲ့ ချစ်ခြင်းတစ်ခု ကို
အသက်သွင်းဖို့သဘောတူခဲ့ကြတယ်..
ငါလေမိုက်ရူးရဲဆန်ခဲ့ပါတယ်…
ပုံအောပြီးချစ်ဖို့ငါ့နှလုံးသားကိုသူအမိန့်ပေးနိုင်ခဲ့လို့
သူမရှိတော့တဲ့offline နေ့ရက်တွေကြား
ငါဟာ မော်နီတာရှေ့မှာ
မင်းနဲ့ချစ်စကားဖလှယ်ခဲ့တာလေးတွေ
ပြန်ကြည့်ရင်း အငိုမျက်လုံးတွေဝေနေခဲ့တယ်..
တမ်းတခြင်းတွေငါ့ရင်ကို ပူလှောင်ရင်းနဲ့ပေါ့
ငါဟာမင်းရဲ့ Messageတွေကို မျှော်လင့်ရင်း
အွန်လိုင်းထဲမှာ ငါ့ အချစ်တို့ တဖြေးဖြေး
အသက်မဲ့ခဲ့ရပါပြီ….

(ဒဏ်ရာ)

In: ကဗျာ Posted By: Date: Feb 27, 2012
Comment #1

ei lay ကျွန်တော် အက်ထားတာ..လက်မခံသေးဘူးနော်…အီမေလ်း အမှားကြီးလားမသိဘူး

commentinfo By: ဒဏ်ရာ at Feb 27, 2012
Comment #2

hin? hote par bu naw,
be hmar add htar tar tone?
ei lay lone wa ma ti par,
ei lay ma nyar tat bu,,,thu myar ko le doke kha yout aung ma loak bu,,
poems corner ka fris tway ko mae kyi..
gtalk so yin dot ma ti bu naw,,ma tone tar kyar nay p,,tone phyit me le ma htin bu,,

commentinfo By: ei lay at Feb 27, 2012
Comment #3

အော်………..gtalk ကအဲ့လောက်စွမ်းတယ်နော်…….

commentinfo By: May Kha at Feb 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment