Professional Authors

ကျွန်မနှ့င့်ခေါက်ရိုးကျိုးနေ့ရက်များ

မျက်နှာဟောင်းကြီးကိုသစ်အောင် မနက်မိုးလင်းတာနဲ့
သစ်ရတာလဲအဖန်တစ်ရာ…….
စိတ်ထဲပုပ်ဟောင်နေတဲ့အရာတွေကိုအနံဆိုးတွေမထွက်လာအောင်
ပလုတ်ကျင်းလို့ ဖျောက်ဖျက်နေရတာအဖန်ပေါင်းများစွာ.
ဆွဲနေကြအိတ်တလုံးနဲ့ ကတ္တီပါဖိနပ်တစ်ရံရဲ့ သယ်ဆောင်ရာ
မျှောပါလို့ ကော်ဖီတခွက်သောက်ဖြစ်နေတဲ့ မနက်ခင်းပေါင်းများစွာ…
ဖန်တစ်ရာထေနေတဲ့ ဖိုင်တွဲကြား မရိုးအီနိုင်တဲ့သက်ပြင်းပေါင်း
များစွာချနေမိရင်း. ကိုယ့်သက်ပြင်းသံကိုအလွတ်ရနေမိရင်း
သံစဉ်ပြောင်းဖို့မကြိုးစားမိတော့ဘူး…….
အစာအိမ်ထဲကအော်သံကိုဥပက္ခာမပြုနိုင်တာလဲ ငါ့အားနည်းချက်ပဲ.
စိတ်အတွေးထဲ ဒီအော်သံကိုဥပေက္ခာပြုနိုင်ရင်ဖြင့် ခေါက်ရိုးကြောင်း
တစ်ခုကိုဆွဲဆန့်နိုင်ကောင်းပါရဲ့ ။
ရင်ထဲမှာတစစ ကြီးထွားနေတဲ့မကျေနပ်မှု့တွေတောင်တော်တော်အရွယ်
ရောက်နေပီပဲ … ဒီတွက် Antibiotics ဆေးတွေတိုက်ကြွေးနေတာလဲ
အရာမရောက်နိုင်သေးဘူး…..
ညနေခင်းတစ်ခုထဲ ထိုင်နေကြဆိုင်မှာ ကော်ဖီခါးခါးမှာရင်း ရင်ထဲခါးသီးမှု့တွေကို
ချေဖျက်တာနှစ်အတော်ကြာပေါ့ ..
သူ့ရဲ့ ဆေးလိပ်ငွှေ့တွေကို မမြင်ရမှာတောင်ကြောက်ရွံနေမိပီ
ဆိုတာခြောက်ခြားစွာသိရှိနေခဲ့ရပြန်ပီ…
နေအ၀င် အိမ်ပြန်လမ်းမှာ အတွေးတစ်စ၀င်ရောက်လာတာကတော့
ခေါက်ရိုးကျိုးနေ့ရက်တွေကို ဒိုင်ယာရီ တမျက်နှာတိုးအောင်
ချရးရအုံးမှာပဲ………..

In: ကဗျာ Posted By: Date: Nov 3, 2011
Comment #1

လာလည်သွားတယ်နော် မေခ
မောနေပုံပဲ နားလိုက်ပါဦးကွာ
ကဗျာလေးကောင်းပါတယ်ဗျာ စိတ်တွေလည်းလျော. ဟုတ်ပီ လား

commentinfo By: ridd at Nov 3, 2011
Comment #2

လာလည်သွားတာကျေးဇူးတင်ပါတယ်….
စိတ်တွေကိုကြိုးစားပီးလျှော့နေသော်လည်း
မနား၇သေးပါဘူး ridd ရယ်………

commentinfo By: May Kha at Nov 3, 2011
Comment #3

အားပေးသွားပါတယ်ဗျာ….ကြိုက်တယ်

commentinfo By: Salai Peter at Nov 3, 2011
Comment #4

ဒိုင်ယာရီထဲမှာလည်း…မောင်လေး အကြောင်းလည်းထည့်ရေးနော်…ဟဲဟဲ
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Nov 4, 2011
Comment #5

poem,poem ရေ ဘယ်အကြောင်းအရာကိုရေးစေချင်လဲကွယ်.
အားပေးတဲ့မောင်နှမတွေကိုကျေူးဇူးတင်ပါတယ်ရှင်………..

commentinfo By: May Kha at Nov 4, 2011
Comment #6

မေခ..အမ အားပေးနေပါတယ်

commentinfo By: အသဲကွဲမိုး at Nov 16, 2011
Comment #7

မမိုးကျေးဇူးတင်ပါတယ်…..မမိုးကဗျာတွေမဖတ်ရတာကြာပီနော်……

commentinfo By: May Kha at Dec 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment