Professional Authors

နှုတ်ဆိတ်

တိမ်တိုက်တွေက တထပ်ကြီးနဲ့ တရွေ့ရွေ့ ပျံသန်းနေလို့ပါ..

ဟိုးအရပ်ဆီမှာလဲ ညရဲ့ အကြိုတော်က  အလင်းကို တစစ ၀ါးမြိုနေပြီ..

ညို့တိုတို မိုးကုတ်အဆုံးဆီကလဲ လေအေးလေးတွေက

ကသုတ်ကရိုက်နဲ့ ဆော့ကစားလို့ ကောင်းတုန်း..

တကယ်ပါ ရင်ထဲမှာ မပြိုချင်ပဲ ပြိုနေရပြီ..

မညိုချင်ပဲနဲလဲ ညိုခဲ့ရပြီလေ..

ဘယ်လို ခံစားစိတ်ဆိုတာ နားမလည်တဲ့ အဖြစ်(ကိုယ့်ကိုကိုယ့်ပေါ့)

ဖော်လဲမပြတက်ဘူး ပြောလဲ မပြောပြတက်ဘူး..

စတင်ကတဲက လိုချင်လိုမှ မဟုတ်ခဲ့တာ..

ဘာမှ မရခဲ့တာထက် ဘာမှ မလိုချင်ခဲ့တာဆို ပိုမှန်လိမ့်မယ်..

အလိုရမ္မက် တစ်ခုထဲနဲ့တော့ ငါနှလုံးသား အညစ်နွမ်း မခံပါရစေနဲ့..

ဒါပေမယ့်…

ရင်ခုန်ခြင်းက မင်းကြောင့် ဆိုတာတော့ ၀န်ခံချင်တယ်..

အလွမ်းဆိုရင်တောင် ငါတစ်ယောက်ထဲ အတွက်ပဲ..

အငြိုညင်ခံရမှာထက်စာရင် ပုန်းကွယ်ခြင်းပဲ ပြောပြော

ကံကြမ္မာ စည်းထဲကပဲ ခုန်ထွက်တယ်လိုပဲ ပြောပြော

အမြဲတမ်း မလျောက်ချင်တဲ့ ညလမ်းကနေ

ဒီနေ့ ခြေစုန်ပစ်လို့

နှုတ်ဆတ်ခဲ့ပြီ…

(ခံစားချက် ရနံတွေက ရင်ဘတ်မှာ

အလုံပိတ် နှုတ်ဆိတ် )

In: ကဗျာ Posted By: Date: Feb 27, 2012
Comment #1

pin pan like dar,,
huhhhhhh

commentinfo By: ei lay at Feb 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment