အချစ်သက်သက်
ပြောခဲ့ဘူးတယ်
ရင်ကွဲအောင်
လွမ်းခဲ့ပါစေ…
ွှအဖြူရောင်ထက်ပိုမတိုးချင်တဲ့…ငါ
ရင်ခုန်သံတွေအကျဉ်းချခဲ့ပေမယ့်
မင်းကို…
ရင်ထဲမှာ…အနှိုင်းအဆမဲ့
ချစ်တယ်…။
တွေးခဲ့ဘူးတယ်
ကြယ်ကြွေတွေရေသောက်ဆင်းတဲ့
မျက်ဝန်းတစ်စုံထဲ
ငေးမောပျော်ဝင်ဘူးတဲ့…ငါ
မမြင်နိုင်အောင်လျှို့ဝှက်ခဲ့ပေမယ့်
ချစ်ခြင်းက ရင်ခွင်နှစ်စုံကြား
သက်တန့်တစ်စင်းဖန်ဆင်းချင်ခဲ့တာ…
မင်းကိုလေ…
ရင်ထဲမှာ…အတိုင်းအဆမဲ့
ချစ်တယ်…။
မေးခဲ့ဘူးတယ်
အချစ်ဆိုတဲ့ကဗျာ
စာနှစ်လုံးနဲ့သာဖွဲ့ခဲ့ပေမယ့်
ဘာကြောင့်များ ရသမြောက်ခဲ့တာလဲ…
သူ့အတွက်ဆိုရုပ်ကြွင်းမဖြစ်တဲ့
ချစ်ခြင်းဆက်ရင်ခုန်သံတွေ
ွတိတ်တဆိတ်ကွယ်ဝှက်ဖို့ရာ
ကြယ်တွေနဲ့အတူလမင်းထဲ
ကျွန်တော်ဝင်ပုန်းဖြစ်ခဲ့တယ်….။
ကောင်မလေးရယ်
မင်းကို…
ငါ့ရင်ထဲမှာ…အပိုင်းအခြားမဲ့ကို
ချစ်တယ်…
ဒါပေမယ့်လေ
ကဗျာတစ်ပုဒ်လောက်နင်စိတ်မ၀င်စားတဲ့
ငါ့အချစ်က…
အချစ်သက်သက် …သာပါပဲ…။။
နေညို
Comment #2
ကြယ်နဲ့အတူလမင်းထဲတောင်
ဝင်ပုန်းဖြစ်တယ်တဲ့လား…စာသားလေးတွေကောင်းလိုက်တာ…။။။
By: အမရာ at Jun 19, 2010
Comment #4
နော်လဲအဲ့လိုကဗျာ ရေးတတ်ချင်တယ်။
By: နော်ဧရာဝတီ at Jun 19, 2010
Comment #6
ရမ်းကောင်းပေါ့ဗျာ အဲ့လိုရေးတတ်ချင်လိုက်တာ ကဗျာလေးကိုဖတ်ရင်းနဲ့ချစ်သူကိုလွမ်းတောင်လာတယ်
By: gaganana at Sep 16, 2010
Comment #7
sooooooooooooooo niceeeeeeeeeeeeeeeeeeeeee
By: ei lay at Dec 31, 2011
Comment #8
a chit tet tet,,,,,
hote bu,,,,,,,,,
By: ei lay at Feb 25, 2012
Comment #9
really fond of ur poem that read 5 times at one sitting.
By: ei lay at May 11, 2012
Comment #10
မင်းကို…
ငါ့ရင်ထဲမှာ…အပိုင်းအခြားမဲ့ကို
ချစ်တယ်…
By: sharon myorr myor at Dec 29, 2012
Comment #11
A pine a charr me ko chit tar par so
By: ei lay at Jan 14, 2013




Comment #1
ကောင်းလိုက်တာဗျာ။ အဲ့လိုကဗျာ ရေးတတ်ချင်တယ်။