ချစ်သူ … မသိခဲ့တဲ့ ရင်ခုန်သံ
ရင်ခုန်သံ နှင်းမိုးတိမ်
အနောက်ဘက်မှာ တစိမ့်စိမ့်
မရပ်မနား ငိုကြွေးနေလို့
တစ်ဖက်သတ် ချစ်စကားတွေ
ရာသီတစ်ဝက် နောက်ကျခဲ့တာပါ …
အပြုံးတွေနဲ့ နှုတ်ဆက်နေခဲ့ပေမယ့်
မျက်ဝန်းနက် အစွန်အဖျားမှာ
အလွမ်းရိပ်ငယ် ယိမ်းကနေခဲ့တာ
ကြယ်တွေလို ငိုက်မြည်းပြီး
ပတ်ဝန်းကျင်လည်း ငြိမ်သက်နေခဲ့ပါတယ် …
ချစ်ခြင်းသံစဉ်တွေ
အရောင်ပြန်လာမယ့်နေ့ကို
လွမ်းမောစွာ မျှော်လင့်ရင်း
နှင်းခတဲ့ ရင်ခွင်ဆီ
ပြန်လာခဲ့ပါတော့ကွယ် … ။
Zero Boyz >>> zeroboyz123@gmail <<<
Comment #2
r,,,,,,,,,
hote par bu,,
a chit hmar nout kya de,,saw de ma shi par bu,,
koh kou ko pe mu de e,,
thu ma ti aung nay yin dot le pin pan tar pop lay,,
han saung nay dar koe,,
bar hma a kyoe htoo lar hmar ma hote bu lay,
thu hma ma ti tar,,
By: ei lay at Jan 18, 2012
Comment #3
ရင်ခုန်သံ နှင်းမိုးတိမ်
အနောက်ဘက်မှာ တစိမ့်စိမ့်
မရပ်မနား ငိုကြွေးနေလို့
တစ်ဖက်သတ် ချစ်စကားတွေ
ရာသီတစ်ဝက် နောက်ကျခဲ့တာပါ …
By: linnyonephyulay at Jul 30, 2012
Comment #4
like so much both title & poem.
By: ei lay at Jul 30, 2012




Comment #1
ချစ်ခြင်းသံစဉ်တွေ
အရောင်ပြန်လာမယ့်နေ့ကို
လွမ်းမောစွာ မျှော်လင့်ရင်း
နှင်းခတဲ့ ရင်ခွင်ဆီ
ပြန်လာခဲ့ပါတော့ကွယ် … ။