Professional Authors

သူ့ကြောင့်

သူ့ကြောင့်
အပြုံးကိုခဏရပ်ပေးပါ
ပန်းကလေးတွေရှက်သွေးဖြာနေလို့…။

နှုတ်ခမ်းလေးခဏပိတ်ထားပါ
ကျေးငှက်တွေအသံတိတ်သွားလို့…။

မျက်စိလေးလည်းပိတ်ပေးပါ
ကြယ်လေးတွေငိုနေလို့…။

စိတ်ဆိုးလို့မငိုလိုက်ပါနဲ့
ပစိဖိတ်ရေလျှံသွားမှာစိုးလို့…။

ဒါပေမယ့်မရယ်လိုက်ပါနဲ့
လမင်းလေးထွက်ပြေးသွားလိမ့်မယ်…။

မင်းရဲ့အပြုံး
မင်းရဲ့မျက်လုံးနဲ့
မင်းရဲ့အမူအရာတွေက
လောကကြီးကိုပြောင်းလဲစေတယ်…။

In: ကဗျာ Posted By: Date: Feb 25, 2012
Comment #1

မင်းရဲ့အပြုံး
မင်းရဲ့မျက်လုံးနဲ့
မင်းရဲ့အမူအရာတွေက
လောကကြီးကိုပြောင်းလဲစေတယ်

commentinfo By: kantkawmg at Feb 25, 2012
Comment #2

har,,,,,,
talkie tway ka nu pyo lat sat nay dar pe,,
daw yone lu kway kya twar say me sa ka lone a g g tway ne,,
lone wa pyit kya lout de kwar,,

commentinfo By: ei lay at Feb 25, 2012
Comment #3

မင်းရဲ့အပြုံး
မင်းရဲ့မျက်လုံးနဲ့
မင်းရဲ့အမူအရာတွေက
လောကကြီးကိုပြောင်းလဲစေတယ်…

commentinfo By: arkarsoe at Feb 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment