Professional Authors

အမှတ်တမဲ့ရည်းစားစာ……♠♠♠♠

အရာရာ

နင့်ဖက်က အမှတ်တမဲ့ဆိုပေမယ့်

ငါ့စစ်မျက်နှာမှာ အမှတ်တရပေါ့

ငါပိုင်ဆိုင်ရာ

ငါ့နိုင်ငံတော်လည်း ပြိုလဲခဲ့ပြီ

ငါ့သစ္စာတရားလည်း…သွေးစိမ်းရှင်ရှင်

မိသခင်မခြေတော်ရင်းမှာ ဒူးထောက်နာကျင်ခဲ့ပြီ

ငါ့မြို့ဟောင်းနံရံမှာ

ငါ့နှလုံးသွေးဆေးရေးလည်း နီမြန်းခြောက်သွေ့ခဲ့ပါပြီ

တကယ်ဆို…ဥပေက္ခာကို

ရင်ချပ်လွှာပုဝါပါး ဆင်မြန်းတောက်ပတဲ့ အချစ်နတ်ဘုရားဟာ

မိမာယာရှင်

မိကဝေမ ‘ နင် ‘ ဖြစ်ပါတယ်

နှင်းရယ်…

ငါ့ရဲ့ဆောင်းလည်းတစစီပြိုကွဲလုပေါ့

မျက်ရည်ငှက်ကလေးလည်း

ဘယ်ဆီဘယ်ဝယ်

ပျံသန်းပျောက်ကွယ်လုပေါ့။ ။
အချစ်ကိုမှ ယုံကြည်မိုက်မဲမိတယ်

နင့်

မျက်ရည်တစ်စက်ဟာ ဆယ်သက်ဆယ်ကမ္ဘာ

နင့်နှုတ်ခမ်းဖျားဓားသံလျက်ဟာ

ဘယ်တော့မှမပြယ်တဲ့ ကျိန်စာပေါ့။

ဝေးနေတဲ့အခါ….

သတိတရစိတ်နဲ့ တိမ်တွေပေါ် မင်းနာမည်လေးချရေးမိတယ်

ငါ့ညတွေထဲ မင်းအကြောင်းအိပ်မက်ဟာ

ဆည်းလည်းသံချိုချိုလေးအဖြစ် ရောက်ရောက်လာတယ်။

နှင်းရယ်….

ငါ့အတွက်

နင်ဆံထိုးလုပ်ထားတဲ့ ဥပေက္ခာ

နင့်လည်တိုင်ကျော့ကျော့မှာ ဆင်မြန်းထားတဲ့

စိမ်းကားခြင်း တစ်ဆင်စာ

အလွမ်းသာ

ငါ့ရဲ့ဆည်းဆာမှာ တိမ်လိုတောက်ခဲ့ပေါ့

ငါ့နှလုံးသွေး ဆေးရေးလည်း

စွေးစွေးနီမြန်းခဲ့ပေါ့။ ။

In: ကဗျာ,ဦးပုည‎ Posted By: Date: May 16, 2013
Comment #1

ါသသသိ

commentinfo By: lovevirous7 at May 16, 2013
Comment #2

Strong nice choice of words with nice ideas.

commentinfo By: ei lay at May 17, 2013
Comment #3

ကဗျာဟာငါရဲ့အသက်

commentinfo By: koungkin at Aug 3, 2013
Comment #4

ဦးပုညရဲ့ကဗျာကိုအလွန်ကြိုက်ပါတယ် ကျွန်လည်းအဲဒီလိုဖြစ်နေလို့ဗျ

commentinfo By: koungkin at Aug 3, 2013
Comment #5

ဒါဦးပုည​ရေးတာ​ရောဟုတ်​ရဲ့လား အသုံးအနှုန်း​တွေကရိုင်းပြီး ဘာကာရန်​မှမပါဘူး ပြီး​တော့ဒီ​ခေတ်​အသုံး​တွေ ​​ဦးပုည​ရေးတာမဟုတ်​ရင်​​တော့ တင်​တဲ့သူက​တော်​​တော်​​အောက်​တန်းကျတဲ့သူပါ
အချိန်​မ​ရွေးဆက်​သွယ်​နိုင်​တယ်​ ​ပြောတဲ့စကားကိုတာဝန်​ယူပါတယ်
[email protected]

commentinfo By: thood khit at Jun 4, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment