Professional Authors

ဒိုင်ယာရီစာအုပ်လေး ပျောက်တဲ့ညက ငါ သွေးရူးသွေးတန်း

မင်းဟာ ငါ့တစ်နေ့စာအကောင်းအဆိုးတွေကို လွယ်ပိုးပေးတဲ့ဒိုင်ယာရီစာအုပ်လေး

တစ်နေကုန်တစ်နေခမ်း ပင်ပင်ပန်းပန်းငါ့အကြောင်းတွေရေးလည်း မင်း မငြင်းပယ်ရက်ခဲ့
တစ်မြို့ဝင်တစ်ရွာထွက် မမောမပန်းလွမ်းခဲ့သမျှတွေရေးလည်း မင်း မပြောရက်မဆိုရက်ခဲ့
အမြဲလိုလို မြုံနေရတဲ့ငါ့ဒေါသတွေ မင်းရင်ခွင်ဆီ ထိမှန်ပေါက်ကွဲတဲ့အခါ မင်းဗွေမယူခဲ့ဘူး
တခါတလေလေးများ ငါရရှိလာခဲ့တဲ့ပျော်ရွှင်မှုတစ်စွန်းတစ်စ မင်းကိုဖဲ့ပေးလိုက်မိခဲ့ရင်
မင်းမှာ ပျော်မဆုံးမော်မဆုံး

ငါက ဘုရားဖြစ်မယ့်အုတ်နီခဲမဟုတ်တော့ မင်းရဲ့နားလည်ပေးမှုမှာ မသိနိုးနားဆိုးရွားခဲ့တယ်
ငါက ၀ါးထိုးခံနေရတဲ့ရေနစ်သူမို့ မင်းရဲ့တွဲကူထူမမှုကို ကောက်ရိုးတစ်မျှင်ဇာတ်သွင်းခဲ့တယ်
ငါဟာ စောင်းတန်းမှာ ကလေးတွေရောင်းနေတဲ့ လှောင်အိမ်ထဲကငှက်တစ်ကောင်ပါကွာ
ဇီိဝိတဒါနအနေနဲ့ မင်းဝယ်လွှတ်ပေးမယ်ဆိုရင်တောင် ငါ မင်းလက်ဖ၀ါးထဲကနေ
ဘယ်ကိုမှ ပျံသန်းမသွားတော့ဘူး

ဒိုင်ယာရီရေ . . . ဒီညတော့ မင်း ပျောက်ခဲ့ပေါ့
အမောတကောပြေးလာတဲ့ ငါ့ရင်ထဲကခံစားချက်တွေ စကားလုံးဘ၀မရောက်ခင် သေတယ်
ခိုးသားဓားပြတွေများ ငါ့ဘ၀အခန်းကျဉ်းလေးထဲ ကျူးကျော်ဝင်ရောက်ပြီး
မင်းကို ဖမ်းဆီးခေါ်ဆောင်သွားကြလေသလား
ငါရေးမယ့်မီးဆန်တဲ့ငါ့ပူပြင်းလောင်မြိုက်မှုအရာရာကိုများ မင်း ကြောက်ရွံ့ထွက်ပြေးခဲ့လေသလား

မင်းပျောက်တဲ့ညက ငါ သွေးရူးသွေးတန်း
သွေးရူးသွေးတန်း ငါ မင်းပျောက်တဲ့ညက
မင်းပျောက်တဲ့ညက သွေးရူးသွေးတန်း ငါ့မှာ . . .

                                                                                   ကိုသျှား

In: ကဗျာ Posted By: Date: Feb 21, 2012
Comment #1

ငါက ၀ါးထိုးခံနေရတဲ့ရေနစ်သူမို့ မင်းရဲ့တွဲကူထူမမှုကို ကောက်ရိုးတစ်မျှင်ဇာတ်သွင်းခဲ့တယ်
ငါဟာ စောင်းတန်းမှာ ကလေးတွေရောင်းနေတဲ့ လှောင်အိမ်ထဲကငှက်တစ်ကောင်ပါကွာ
ဇီိဝိတဒါနအနေနဲ့ မင်းဝယ်လွှတ်ပေးမယ်ဆိုရင်တောင် ငါ မင်းလက်ဖ၀ါးထဲကနေ
ဘယ်ကိုမှ ပျံသန်းမသွားတော့ဘူး
အရေးအသားကိုကြိုက်တယ်ဗျဖတ်သွားပါတယ်

commentinfo By: poem.poem28 at Feb 21, 2012
Comment #2

ငါဟာ စောင်းတန်းမှာ ကလေးတွေရောင်းနေတဲ့ လှောင်အိမ်ထဲကငှက်တစ်ကောင်ပါကွာ
ဇီိဝိတဒါနအနေနဲ့ မင်းဝယ်လွှတ်ပေးမယ်ဆိုရင်တောင် ငါ မင်းလက်ဖ၀ါးထဲကနေ
ဘယ်ကိုမှ ပျံသန်းမသွားတော့ဘူး
………………………………
ခံစားအားပေးသွားပါတယ်…ကျွန်တော့်..ရင်ထဲရောက်တယ်

commentinfo By: အသဲကွဲမိုး at Feb 21, 2012
Comment #3

so much nice

commentinfo By: ei lay at Feb 21, 2012
Comment #4

မင်းပျောက်တဲ့ညက ငါ သွေးရူးသွေးတန်း
သွေးရူးသွေးတန်း ငါ မင်းပျောက်တဲ့ညက
မင်းပျောက်တဲ့ညက သွေးရူးသွေးတန်း ငါ့မှာ . . .

commentinfo By: SoFarAwayFromU at Feb 21, 2012
Comment #5

အကိုရဲ့စာအုပ်လေး ညီပြန်ရှာပေးလိုက်ပါမယ်
ရက်ပိုင်းအတွင်း………..

အကိုပျော်ပါစေဗျာ
ကဗျာလေးကို အားပေးသွားပါတယ်…
ညီလေးရဲ့ခံစားချက်တွေနဲ့လည်း ကိုက်တယ်
ကျွန်တော်လည်း ပျောက်ဆုံးသွားခဲ့ရဘူးတယ်
(ညီလေး ရွှေကြယ်မိုး)

commentinfo By: yaewintaung at Feb 21, 2012
Comment #6

ငါက ဘုရားဖြစ်မယ့်အုတ်နီခဲမဟုတ်တော့ မင်းရဲ့နားလည်ပေးမှုမှာ မသိနိုးနားဆိုးရွားခဲ့တယ်
ငါက ၀ါးထိုးခံနေရတဲ့ရေနစ်သူမို့ မင်းရဲ့တွဲကူထူမမှုကို ကောက်ရိုးတစ်မျှင်ဇာတ်သွင်းခဲ့တယ်
ငါဟာ စောင်းတန်းမှာ ကလေးတွေရောင်းနေတဲ့ လှောင်အိမ်ထဲကငှက်တစ်ကောင်ပါကွာ
ဇီိဝိတဒါနအနေနဲ့ မင်းဝယ်လွှတ်ပေးမယ်ဆိုရင်တောင် ငါ မင်းလက်ဖ၀ါးထဲကနေ
ဘယ်ကိုမှ ပျံသန်းမသွားတော့ဘူး

commentinfo By: kantkawmg at Feb 22, 2012
Comment #7

ကိုသျှားရဲ့ အရေးအသားတွေကို
အမြဲလေးစား အားပေးလျှက်
(ကတုံးလေး)

commentinfo By: gadounlay at Feb 22, 2012
Comment #8

ဒိုင်ယာရီရေ မင်းမရှိတဲ့ငါ့ဘဝ ….. ။ 🙂

commentinfo By: နတ်သမီး at Feb 22, 2012
Comment #9

ငါဟာ စောင်းတန်းမှာ ကလေးတွေရောင်းနေတဲ့ လှောင်အိမ်ထဲကငှက်တစ်ကောင်ပါကွာ
ဇီိဝိတဒါနအနေနဲ့ မင်းဝယ်လွှတ်ပေးမယ်ဆိုရင်တောင် ငါ မင်းလက်ဖ၀ါးထဲကနေ
ဘယ်ကိုမှ ပျံသန်းမသွားတော့ဘူး

commentinfo By: May Kha at Feb 22, 2012
Comment #10

ဒိုင်ယာရီရေ . . . ဒီညတော့ မင်း ပျောက်ခဲ့ပေါ့
အမောတကောပြေးလာတဲ့ ငါ့ရင်ထဲကခံစားချက်တွေ စကားလုံးဘ၀မရောက်ခင် သေတယ်
ခိုးသားဓားပြတွေများ ငါ့ဘ၀အခန်းကျဉ်းလေးထဲ ကျူးကျော်ဝင်ရောက်ပြီး
မင်းကို ဖမ်းဆီးခေါ်ဆောင်သွားကြလေသလား
ငါရေးမယ့်မီးဆန်တဲ့ငါ့ပူပြင်းလောင်မြိုက်မှုအရာရာကိုများ မင်း ကြောက်ရွံ့ထွက်ပြေးခဲ့လေသလား ….

lyke dat !

commentinfo By: Nge Lay at Feb 22, 2012
Comment #11

မင်းဟာ ငါ့တစ်နေ့စာအကောင်းအဆိုးတွေကို လွယ်ပိုးပေးတဲ့ဒိုင်ယာရီစာအုပ်လေး

တစ်နေကုန်တစ်နေခမ်း ပင်ပင်ပန်းပန်းငါ့အကြောင်းတွေရေးလည်း မင်း မငြင်းပယ်ရက်ခဲ့
တစ်မြို့ဝင်တစ်ရွာထွက် မမောမပန်းလွမ်းခဲ့သမျှတွေရေးလည်း မင်း မပြောရက်မဆိုရက်ခဲ့
အမြဲလိုလို မြုံနေရတဲ့ငါ့ဒေါသတွေ မင်းရင်ခွင်ဆီ ထိမှန်ပေါက်ကွဲတဲ့အခါ မင်းဗွေမယူခဲ့ဘူး
တခါတလေလေးများ ငါရရှိလာခဲ့တဲ့ပျော်ရွှင်မှုတစ်စွန်းတစ်စ မင်းကိုဖဲ့ပေးလိုက်မိခဲ့ရင်
မင်းမှာ ပျော်မဆုံးမော်မဆုံး

commentinfo By: zawthetoo at Feb 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment