Professional Authors

သွေးရူးသွေးတမ်း

လာကစားတာလား
ခဏနားတာလားတော့
မပြောတတ်ဘူး။

နင်ရွှေ့တဲ့အကွက်
အရှုံးပေး..
ခပ်တုံးတုံးလေးလို့ မြင်ပေးပေါ့။

နင့်ဘ၀ထဲမှာ ငါ့ကို
ချမပြရဲရင်လဲ ခပ်ရှင်းရှင်းပဲပြော
နွားတောထဲတော့ ဆွဲမသွင်းခဲ့နဲ့ပေါ့။

ကောင်မလေး…
ဗိုလ်အောင်ဒင်ဇာတ်လမ်းမှာ သူပြောခဲ့တာ
လက်ညှိုးလေး ကွေးတတ်ဖို့…
ငါတို့ဇာတ်လမ်းမှာ နင်——————-
နှုတ်ခမ်းလေး ကွေးတတ်လို့…

In: ကဗျာ Posted By: Date: Mar 15, 2011
Comment #1

မိုက်တယ်…အားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Mar 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment