Professional Authors

အချစ်သူရဲကောင်း ကွ

အချစ်ရေ
ငါလိုအပ်နေတာမင်းပါ
ငါချစ်တာမင်းပါ
မင်း သာငါ့ဘေးနားမှာ
ရှိပေးပါ
ငါမှာ လက်တွေ ပြတ်နေခဲ့ရင်တောင်
ငါ ဒေဗစ်ချန်းလို သိုင်းချပြီး
မင်း ရှေ့ကို ရောက်အောင်လာပြီး
ပိုင်သက်ကျော်လို အားမငယ်ဘဲ
သီချင်းတွေဆိုနိုင်နေလိမ့်မယ်
မင်းသာဘေးနား မှာ ရှိရင်
ငါ ခြေထောက်တွေ ပြတ်နေရင်တောင်မှ
ငါ ရှဲဒိုးလို ပြတ်လုံးတွေ နဲ့
မင်းပျော်အောင်ဖန်တီးပေးနိုင်မှာပါ
မင်းသာဘေးနားရှိနေရင်
ထွန်းထွန်းရိုက်တဲ့ သံချောင်းဇာတ်လမ်း
ထက်ပိုကောင်းတဲ့
ကျပ် မပြည့် ကားကို ငါသရုပ်ဆောင်နိုင်လိမ့်မယ်
ဘာပဲ ဖြစ်ဖြစ်
ပြောင်းလဲမသွားတဲ့နိယာမကတော့
ငါဟာ စူပါမင်းမဟုတ်သလို
စပိုက်ဒါမင်း လဲ မဟုတ်ပါဘူး
ဒါပေမယ့်မင်း ကို ချစ်တယ်
အရမ်းကို ချစ်တယ်
နှလုံးသားနဲ့တည်ဆောက်ထားတဲ့
အသည်းအိမ်လေးထဲ မှာ
မင်းပျော် အောင် အိပ်စက်နိုင်ဖို့
အချစ်သီချင်းလေးတွေနဲ့အတူ
ကိုယ့်ရဲ့ လက်မောင်းလေးတွေကို
မှီအုံးရင်းနဲ့
မင်းရဲ့တစ်နေ့တာလေး
ပျော်ရွှင်စွာနဲ့ကုန်ဆုံးသွားရင်တော့
ငါ ဆိုတဲ့ကောင်ဟာ ကမ္ဘာမှာ
စိတ်အချမ်းသာဆုံးကောင်ဆိုတာ
ဘယ်သူမှ သွားမမေးပါနဲ့တော့
အညံစားမဟုတ်တဲ့
မင်းရဲ့ အချစ်သူရဲကောင်းပါ။

In: ကဗျာ Posted By: Date: Dec 5, 2010
Comment #1

har kwar,,,,
lone wa mike de.
da ke hote ma hote dot ma ti bu naw,
words tway ka dot kway kya lauk de.

commentinfo By: ei lay at Aug 9, 2011
Comment #2

he,,he,,
a chit thu ye kaung g kwa,,

commentinfo By: ei lay at Jan 31, 2012
Comment #3

မိုက်တယ်ကွာ တော်တော်ကိုမိုက်တယ် ခွေးထက်မိုက်တဲ့ကောင်…. စ. တာနော် သယ်ရင်း ချိတ်ချိုးနဲ့

commentinfo By: KK at Feb 8, 2012
Comment #4

d r kya pwe poem lay ko ma chit tat thu tway khan sar loh ma ya naing par,,

commentinfo By: ei lay at Feb 8, 2012
Comment #5

အဟား ~~
အလာကြီးပါလားဗျ အလုံးတွေက ။

commentinfo By: X - ray at Feb 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment