Professional Authors

အဖိတ်ဖိတ်အစင်စင်မိုနိုလော့(ဂ်)

အိပ်တန်းတက်ကြယ်တွေကို မော့ငေးကြည့်ရင်း
ကိုယ့်ဘ၀ကိုယ် သွေးရူးသွေးတန်း ထိုးဟောင်ပစ်မိတယ်
အခုထိ သီချင်းမဖြစ်သေးတဲ့ညတွေထဲ
အဝေးကလရောင်ဟာ စိတ်သေအောင် ညှို့တယ်

ငါယုံကြည်တဲ့လူ့ဘ၀နှစ်သာရတွေလည်း
ခြောက်ကြိုးစလုံးပြတ်ခဲ့ပြီ
ငါတည်ဆောက်ထားတဲ့အနက်အဓိပ္ပာယ်တွေလည်း
အတောင်နှစ်ဖက်စလုံးကျိုးခဲ့ပြီ

ငါ ကိုးကွယ်တဲ့ဘာသာတရားက
အကြည့်ရိုင်းတွေတောထနေတဲ့အမိုက်အမဲယဉ်ကျေးမှု
ငါ ရူးသွပ်တဲ့အနုပညာက နာမည်ကြီး `အန္တရာယ်ဇုံ´
နည်းနည်းလေးခြေချော်လက်ချော်ဖြစ်တာနဲ့
ချောက်ကမ်းပါးထဲပြုတ်ကျတော့တာပဲ

ခေတ်တစ်ခုလုံးကို
လက်သပ်မွေးထားတဲ့ကြောင်တစ်ကောင်လို
ကျွေးမွေးစောင့်ရှောက်ခဲ့ပေမယ့်
ခေတ်ကြီးရဲ့အငြိုးတကြီးခုန်အုပ်မှုကို ခံခဲ့ရ

ငါဟာ အရာရာကို နှလုံးသားနဲ့ တွေးခေါ်လို့
ငါဟာ အရာရာမှာ နှလုံးသားနဲ့ ကျရှုံးလို့
ကဗျာဆရာဆိုတာ
ကလေးကစားစရာအရုပ်လေးတစ်ရုပ်လောက်မှ
လူစိတ်ဝင်စားမခံရတဲ့ကောင်ပါကွာ

ငါ တကယ်ကို မသိခဲ့ရိုးအမှန်ပါ
ငွေမရှိတဲ့ဘ၀ဟာ ရုပ်ဖျက်ထားတဲ့ကန္တာရဆိုတာ
ငွေမရှိတဲ့လူဟာ ဘယ်ကိုမှ မရောက်နိုင်ဘူးဆိုတာ
ငွေမရှိတဲ့ဘ၀ကို မဟားတယား ဆုပ်ကိုင်ထားတဲ့လူဟာ
လင်စိတ်သားစိတ်ကုန်ခမ်းသွားတဲ့မိန်းမတစ်ယောက်လို

                                                             ကိုသျှား

In: ကဗျာ Posted By: Date: Jan 5, 2012
Comment #1

i don’t think so..
do u believe money can change everything?
let me share my story,,,
now i m unhealthy,,my parents can efford to cure my poor health,,,but i can’t escape from any suffering.
how’s ur idea?

commentinfo By: ei lay at Jan 5, 2012
Comment #2

ငါ တကယ်ကို မသိခဲ့ရိုးအမှန်ပါ
ငွေမရှိတဲ့ဘ၀ဟာ ရုပ်ဖျက်ထားတဲ့ကန္တာရဆိုတာ
ငွေမရှိတဲ့လူဟာ ဘယ်ကိုမှ မရောက်နိုင်ဘူးဆိုတာ
ငွေမရှိတဲ့ဘ၀ကို မဟားတယား ဆုပ်ကိုင်ထားတဲ့လူဟာ
လင်စိတ်သားစိတ်ကုန်ခမ်းသွားတဲ့မိန်းမတစ်ယောက်လို
(အားပေးသွားပါတယ်)

commentinfo By: May Kha at Jan 6, 2012
Comment #3

ကိုသျှား….ကောင်းတယ်ဗျာ..
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jan 6, 2012
Comment #4

ခေတ်တစ်ခုလုံးကို
လက်သပ်မွေးထားတဲ့ကြောင်တစ်ကောင်လို
ကျွေးမွေးစောင့်ရှောက်ခဲ့ပေမယ့်
ခေတ်ကြီးရဲ့အငြိုးတကြီးခုန်အုပ်မှုကို ခံခဲ့ရ

ငါဟာ အရာရာကို နှလုံးသားနဲ့ တွေးခေါ်လို့
ငါဟာ အရာရာမှာ နှလုံးသားနဲ့ ကျရှုံးလို့
ကဗျာဆရာဆိုတာ
ကလေးကစားစရာအရုပ်လေးတစ်ရုပ်လောက်မှ
လူစိတ်ဝင်စားမခံရတဲ့ကောင်ပါကွာ

တကယ့်ကိုအံမခန်းပါကိုအကိုရေ
ကျွန်တော်တို့ကဗျာဆရာတွေရဲ့ဘ၀ကို
မီးမောင်းထိုးပြတဲ့ကဗျာလေးပါပဲ
အားပေးသွားပါတယ်ဗျာ..အားပေးသွားပါတယ်…
(ရွှေကြယ်မိုး)

commentinfo By: yaewintaung at Jan 6, 2012
Comment #5

ိdear friend miss ei lay,
i don’t believe money can change everything.
but lack of money can make a man feel depressed.
when i wrote this poem,i felt depressed because of lack of it.
i hope you can understand my emotion.

with love,
kosharr.

commentinfo By: ကိုသျှား at Jan 7, 2012
Comment #6

he,,he,,,
yeah,,,i understand now.
i feel sympthatic.
so sorry for my childishness.

commentinfo By: ei lay at Jan 7, 2012
Comment #7

ငွေမရှိတဲ့ဘ၀ကို မဟားတယား ဆုပ်ကိုင်ထားတဲ့လူဟာ
လင်စိတ်သားစိတ်ကုန်ခမ်းသွားတဲ့မိန်းမတစ်ယောက်လို….။
ငါဟာ အရာရာကို နှလုံးသားနဲ့ တွေးခေါ်လို့
ငါဟာ အရာရာမှာ နှလုံးသားနဲ့ ကျရှုံးလို့…။

commentinfo By: SoFarAwayFromU at Jan 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment