Professional Authors

ဗုံးကွဲသွားတဲ့ ငတုံး

မှတ်ပုံတင် မလိုဘူး။
မှတ်တမ်းတင်ဓာတ်ပုံ မလိုဘူး။
နာကျည်းနေတဲ့ သေနတ်ပြောင်းဝနောက်မှာ
တွယ်တာခြင်းကင်းတဲ့ ချစ်သူမျက်နှာ။
ငါ့ နိုင်ငံတော် သီချင်းကို မေ့ချင်မေ့မယ်။
မင်းမျက်နှာရဲ့ အားလုံးသောကောက်ကြောင်းတွေကို
ခဲပန်းချီ ဆွဲပြနိုင်တယ်။
မေတ္တာတစ်ခုကို ဖန်တီး ၊ ဖျက်ဆီးနေတဲ့
မင်းမျက်ဝန်းထဲက အမှန်းတစ်စက်
ငါငေးလိုက်တဲ့ အချိန်မှာပဲ (လှလိုက်တာ)
  ´ဒိန်း` ……..
ဆောင်းနှောင်းရဲ့ မနက်ခင်းထဲမှာ
မြူနှင်းရယ် ၊ ခါးသီးနေတဲ့ ယမ်းငွေ့တွေရယ်
ပြောင်းလဲသွားတဲ့ အချစ်တစ်ခုရယ်။
  ဘာပဲဖြစ်ဖြစ် ငါ ဆုပန်လိုက်ပါတယ်။
သံသရာတစ်လျှောက်မှာ
အစစ်ချစ်သာ ဖြစ်ရပါလို၏……။
ရောက်ရာပေါက်ရာ ဘ၀တိုင်းမှာ
သူငယ်ချင်း မရှိပါရစေနဲ့ လို့……။
  အဖြစ်အပျက်က
ငါ့ကို ငတုံးတစ်ယောက်လို့ပဲ ခေါ်ခေါ်
သစ္စာရဲ့ ကျောထောက်နောက်ခံကို ဗုံးခွဲတာလို့ ဆိုဆို
ဒါတွေဟာ ဟုတ်တော့ဟုတ်သလိုလိုပဲ။

                                               

In: ကဗျာ Posted By: Date: Feb 20, 2012
Comment #1

ကဗျာပုံစံက တစ်မျိုးလေးပဲဗျာ….

commentinfo By: poem.poem28 at Feb 20, 2012
Comment #2

နာကျည်းနေတဲ့ သေနတ်ပြောင်းဝနောက်မှာ
တွယ်တာခြင်းကင်းတဲ့ ချစ်သူမျက်နှာ။
မင်းမျက်ဝန်းထဲက အမှန်းတစ်စက်
ငါငေးလိုက်တဲ့ အချိန်မှာပဲ (လှလိုက်တာ)
´ဒိန်း` ……..
ဆောင်းနှောင်းရဲ့ မနက်ခင်းထဲမှာ
မြူနှင်းရယ် ၊ ခါးသီးနေတဲ့ ယမ်းငွေ့တွေရယ်
ပြောင်းလဲသွားတဲ့ အချစ်တစ်ခုရယ်။

commentinfo By: zawthetoo at Feb 20, 2012
Comment #3

arr pay twar par d

commentinfo By: ei lay at Feb 20, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment