Professional Authors

မွန်းတည့်မှာ နီသွားတဲ့ ဆုံမှတ်

ပွဲတော်ညရဲ့ ဘီလူးကကိုကြည့်ရင်း
မင်းမျက်ဝန်းတွေကို ငါ ဆာတယ်
( မကြာ ခဏ အသည်းကွဲဖူးပေမဲ့ )
ငါကလဲ မင်းနဲ့မှ
တခမ်းတနား စာဖွဲ့ပြနေခဲ့

Ø ပြတ်ပြတ်သားသား လမ်းမခွဲခင်အထိ
ဘာလို့ ငါတို့ တွယ်ငြိနေမှာလဲ
ကွဲအက်သွားတဲ့ အလင်းတစ်စ
ကေ၀ဋ်ပုဏ္ဏားရဲ့ အာဃာတလို
အရုဏ်စိုတိုင်း မီးထတောက်တယ်

Ø မုန်းတယ်ဆိုတဲ့ စကားတစ်ခွန်းရရင်တောင်
ငါဆိုတဲ့ကောင် ဒီလောက်မကြေကွဲဘူး
အခုတော့ … … … …
ကိုယ့်မာနကိုယ် ကမ်းမှာချပြီး
ပျော်ပျော်ကြီး ပက်လက်မျောခဲ့
( လူပြောများနေတဲ့ )
သမုဒ္ဒရာတံတွေးခွက်ထဲမှာ

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Jun 14, 2009
Comment #1

ဟဲဟဲ ကိုယ်စိုက်တဲ့ အတိုင်းကိုယ်ရိုက်ရတယ်တဲ့ 😛

commentinfo By: Eain Mat Gabyar at Jun 18, 2009
Comment #2

အသကုန် ကြိုက်ပါတယ်ဗျို့ …..တကယ်

commentinfo By: moehtetaung18 at Oct 22, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment