Professional Authors

ကိုယ်.ကိုယ်ကိုယ်တောင် မသိတဲ.အကြောင်း

ဟိုအရင်ငယ်ရွယ်စဉ်ဘဝ
ပညာမာန် ခွန်အားမာန်
မာန်ပေါင်းများစွာကို ပိုင်ဆိုင်

ဆုပ်ကိုင်ထားနိုင်စဉ်တုံးက
လက်ညိုးညွှန်တာနဲ.ရေဆိုရင်ရေ
မြေဆိုရင်မြေ
လိုချင်တာဘာမဆိုအကုန်ဖြစ်
အောင်မြင်မူ.နဲ.ယစ်မူးလို.နေနိုင်စဉ်က
အားလုံးပေါ်ထားတဲ.အမြင်
တစ်ခြားသူကို နှိမ်.ချခြင်
ငါသာဆိုရင် ဆိုတဲ.အတွေးနဲ.
ဘ၀င်လေးတွေရှိခဲ.ဘူးတယ်။

သည်လိုနဲ.နှစ်ပေါင်းများစွာ
အားလုံးဟာ
ပျော်စရာတွေပါလားလို.သတ်မှတ်
ဘ၀ကိုဖြတ်သန်း
ကိုယ်.အထင် နဲ.ကိုယ်ကတော.
အောင်မြင်တယ်ဆိုတဲ.ဘ၀င်တွေနဲ.နေရင်း
မထင်မှတ်ဘဲလက်ခံလိုက်ရတဲ.ရုံးနိမ်.ခြင်း
မတောင်းဆိုဘဲရောက်လာသောဒုက္ခ
မလိုလားဘဲ ရလာတဲ.ဆုံးရုံးခြင်း
ပြင်ဆင်လို.မပြီးမှီရောက်လာသောအိုမင်းခြင်း
စိတ်သွားတိုင်းကိုယ်မပါ
လိုရာကလဲ အရင်လိုမရောက်နိုင်ပြီဆိုမှ
ငယ်ငယ်တုန်းက ဘယ်လိုအောင်မြင်ခဲ.တဲ.အကြောင်း
ပြန် ပြန်စဉ်းစားလို.အရသာခံနေရင်း
ခံတွင်းချဉ်လာတယ်ဆိုမှ
ကိုယ်ကိုယ်တိုင်ကလည်း
အချိုကုန်နေတဲ. ပီကေဖြစ်နေတာကို
အလန်.တကြား သတိရမိပါတယ်။
ကိုပေါက်လက်ဆောင် အတွေးစဉ်

In: ကဗျာ Posted By: Date: May 23, 2010
Comment #1

right.

commentinfo By: ei2lay at Jul 10, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment