Professional Authors

ဥယျာဉ်ခြံမြေမရှိတဲ့ သစ်ပင်ဟာ ကိုယ်ဖြစ်တယ် ။ နှောင်ကြိုးမဲ့တိမ်တိုက်တွေ ကစဥ့်ကလျားပျံသန်း ။

 

 

လွယ်လွယ်နဲ့ချရေးလိုက်ဖို့လဲ ဆိုလွယ်တေးလေးအိုအေးအေးလောက်တော့ ဘာလုပ်ရမှာလဲ

သူများလက်ရေးကြီး ကို ကိုယ်ပိုင်တေးနေရတာကိုက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ ရှုရှိုက်နေရသလို

သိမှုချဲ့ထွင်ရေးမှာ ဘောင်ခတ်ထားတဲ့ အနားသတ်မျဉ်းတွေ တွယ်ကပ်နေသ၍ အမြင်အာရုံဟာ

ကျဉ်းကျဉ်းလာတယ် သီအိုရီတွေဟာမုသား ရူးရစ်နေတဲ့ နှုတ်ခမ်းလေးတဖြည်းဖြည်းတိုက်စားမသွားခင်

မျက်ခုံးကိုပြန်လည်ပင့်ချီစိတ်ကိုရစ်ထုံးဖို့ နူးညံ့စွာလွင့်ပါသွားတဲ့ စိတ်အငွေ့လေးဇီဝခန္ဒာနဲ့

အဆက်အသွယ်ပြတ်တောက် စက္ကူလေတံခွန်လေးကို အဓမ္မဆွဲသိမ်းလိုက်မိတဲ့ကိုယ်ရဲ့မိုက်မှားမှု

သက်သက်ပဲရှိပါစေတော့ ကုန်လွန်သွားတဲ့ သက္ကရာဇ်တွေအတွက်  နာကျင်သွေးကြောတွေ

ဖြတ်သန်းခဲ့ရတဲ့မိုင်တိုင် ယုံကြည်ကိုးကွယ်မှုမှာမြင်မြင်ရာရှိခိုးချင်နေကြတဲ့ လက်အစုံတွေရဲ့ရိုကျိုးခြင်း

ပြောင်းလဲလိုလာတဲ့ အဆောက်အအုံထဲမှာ ကိုယ့်အတွက်ဒေသနာအသစ်တစ်ခုများ တွေ့ / ရှိ နိုင်ပါဦးမလား

ဥပေက္ခာပြုထားလဲ ပေါက်ခုန်ထွက်ချင်လာနေတဲ့ ဖိကိုက်ခံနှုတ်ခမ်းကြားက စကားလုံးတွေရဲ့အား

လူ့အဖွဲ့အစည်းရဲ့ဓါတ်ပြားဟောင်းတရားတွေ ရာခိုင်နှုန်းတစ်ခုထိသေဆုံးသွား စေချင်/ကြ/ပြီ

ကျေးဇူးပြုပြီး အဲဒီတုန်းကတွေယူမလာပါနဲ့

ကျွန်တော့် သူမ လေး ထွက်ပြေးသွားတဲ့ အဲ့ဒီနေ့မှာ အဝေးပြေးတိမ်စိုင်တိမ်တိုက်တွေကိုငေးမှိုင်တွေးရင်း

မီးတောက်မီးလျှံတွေကြားက စက္ကူငှက်ကလေး ဘယ်တော့များ ထပျံသန်းမလဲ စောင့်စားရင်းနဲ့ပဲ

ဆိုလွယ်တေးလေးအိုအေးအေးနဲ့ပဲ ပြီးဆုံးလိုက်ရတယ် ။           ။

 

ဟိဏ်းဝေ

In: ကဗျာ Posted By: Date: Mar 19, 2012
Comment #1

ကျွန်တော့် သူမ လေး ထွက်ပြေးသွားတဲ့ အဲ့ဒီနေ့မှာ အဝေးပြေးတိမ်စိုင်တိမ်တိုက်တွေကိုငေးမှိုင်တွေးရင်း

မီးတောက်မီးလျှံတွေကြားက စက္ကူငှက်ကလေး ဘယ်တော့များ ထပျံသန်းမလဲ စောင့်စားရင်းနဲ့ပဲ

ဆိုလွယ်တေးလေးအိုအေးအေးနဲ့ပဲ ပြီးဆုံးလိုက်ရတယ် ။ ။
like this words so much!!!

commentinfo By: အသဲကွဲမိုး at Mar 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment