Professional Authors

ညီမလေးရဲ့အဝေးရောက်ချစ်သူအကြောင်း ၂

ညီမလေးရှိရာ အရပ်ဆီ မျက်နှာမူရင်း
 နေထွက်ခဲ့တာအကြိမ်ကြိမ်
ညီမလေးမကြားနိုင်တဲ့အရပ်ကနေ
ညီမလေးကြားအောင်အော်ခေါ်နေခဲ့မိတာအခါခါ
စိတ်သွားလမ်းတစ်လျှောက်
အလွမ်းတွေ တောထအောင် ပွင့်…လို့

နေ့ရက်တွေ ရေလိုတိုက်စားတိုင်း
ငါ့ရင် ကမ်းလို ပြိုတယ်
တမ်းတစိတ်က သစ်ရွက်လိုကြွေတော့
ဘ၀က သစ်ကိုင်းလို ကျိုးတယ်

ဘ၀ဆီက ရယူနိုင်တွေထက်
ညီမလေးကို ပိုပေးချင်ခဲ့သူပါ

အဝေးမြို့ဘုရားကျောင်းလေးက
ဓမ္မတေးတွေ ရွတ်ဆိုနေပြီလား
သားသတ်ရုံအပို့ခံရပြီးတဲ့သိုးတစ်ကောင်လို
ငါ့စိတ်ကလေးရှင်သန်နေရရှာ
ပိုးမွှားမကင်းစင်နိုင်သေးတဲ့ရေလို
ငါ့သက္ကရာဇ်တွေကို စစ်ယူနေရတယ်

မင်းဟာ ငါ့ယဉ်ကျေးမှုနဲ့ တည်ဆောက်ထားတဲ့မြို့
အဲဒီမြို့ကလေးရဲ့အဝေးနေထိုင်မှုစနစ်ဟာ
တစ်ရက်မှ မိုးလေမလွတ်ခဲ့ဘူး

ရွှေသားစစ်စစ်ပျော်ရွှင်မှုတွေပွေ့ပိုက်ပြီး
ညီမလေးဆီပြန်ချင်တယ်

                                                          ကိုသျှား

In: ကဗျာ Posted By: Date: Dec 4, 2011
Comment #1

အရမ်းကြိုက်တယ်ဗျာ..
လေးစားပါတယ်..

commentinfo By: sharon myorr myor at Dec 4, 2011
Comment #2

ညီမလေးရှိရာ အရပ်ဆီ မျက်နှာမူရင်း
နေထွက်ခဲ့တာအကြိမ်ကြိမ်
ညီမလေးမကြားနိုင်တဲ့အရပ်ကနေ
ညီမလေးကြားအောင်အော်ခေါ်နေခဲ့မိတာအခါခါ
စိတ်သွားလမ်းတစ်လျှောက်
အလွမ်းတွေ တောထအောင် ပွင့်…လို့

မင်းဟာ ငါ့ယဉ်ကျေးမှုနဲ့ တည်ဆောက်ထားတဲ့မြို့
အဲဒီမြို့ကလေးရဲ့အဝေးနေထိုင်မှုစနစ်ဟာ
တစ်ရက်မှ မိုးလေမလွတ်ခဲ့ဘူး

ရွှေသားစစ်စစ်ပျော်ရွှင်မှုတွေပွေ့ပိုက်ပြီး
ညီမလေးဆီပြန်ချင်တယ်

ဖတ်ရင်းနဲ့  ငေးငိုင်သွားတယ်……..
ပြီးတော့ အတိတ်ကိုသတိရလာတယ်…….။
အားပေးနေပါတယ်။

commentinfo By: terry at Dec 5, 2011
Comment #3

e d nyi ma lay ko a yan chit tar pe lar hin?

commentinfo By: ei lay at Dec 5, 2011
Comment #4

အသေအချာပေါ့မအိလေးရယ်…
ကိုသျှား

commentinfo By:ူlynnthantkoko at Dec 6, 2011
Comment #5

sound gerat,
she is so lucky.

commentinfo By: ei lay at Dec 6, 2011
Comment #6

တော်တော်လေးကိုကောင်းတယ် အကိုရယ်

commentinfo By: ရွှေကြယ်မိုး at Jan 18, 2012
Comment #7

I like it

commentinfo By: Mg Khai Myat at May 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment