Professional Authors

အပျင်းပြေဒိုင်ယာရီရေးသားခြင်း

ငါ့ဘ၀ရဲ့
ပထမဆုံးကျောက်စာများ
ပထမဆုံး အမှိုတ်ပုံးများ
ပြီးတော့
ပထမဆုံး တွေ့ရှိချက်များ
ဒါတွေနဲ့ဘဲ
ဒါတွေကို မှတ်တမ်းတင်
ရက်စွဲတပ် ဒိုင်ယာရီတခုကို
ကဗျာလုပ်မိရဲ့…။

‘၀'(၀လုံး)လား၊’၀'(သုည)လား
ဝေခွဲမရခင်မှာဘဲ
အဆန်ခက်ခက်ပြီး
‘စ’ လို့တိတ်တိတ်လေးအော်မိလိုက်တယ်

စာမျက်နှာရဲ့ အစမှာ
ကံကြမ္မာက ဒေါက်ခနဲကျ
ဘွားခနဲပေါ်လာတယ်
ခုတ်ရာ၊ထစ်ရာတချို့နဲ့
အမာရွက်တွေက မြင်သာထင်သာ
မရှိကြဘူး
သုခကိုအရောင်ပြ
ဒုက္ခကို ဖျားယောင်းလာတဲ့
အနီရောင်နှုတ်ခမ်းတစုံကို
မက်မောစွာရင်ခုန်ဖူးတယ်..။

ဟိုးကောင်ကင်ကကြယ်လေးတွေ
သူတို့ကိုဘာသာစကား တခုတော့သင်ပေးဖို့တော့ရဲ့
ရံဖန်ရံခါ လူတွေအကြောင်း အတင်းပြောကြမယ်
ရုပ်ဝထ္တုတွေအကြောင်းဆွေးနွေးကြမယ်
ဟောဒီ ကမ္ဘာမြေပေါ်မှာမှာ
ဟောသလို နေထိုင်ပစ်လိုက်မယ်
သက်ရှိတွေလို အယောင်ဆောင် လိုက်ကြတယ်
အဲ့ဒီ့အခါ နူးညံ့လာတဲ့ နှလုံးသားတွေအတွက်
ခံစားချက်အသစ်တွေ မွေးဖွားနိုင်ဖို့ 
မိခင်ကောင်းတစ်ယောက်လိုတယ်

နောင်လာနောင်သားများအတွက်
သစ္စာ တရားကို အမွေအဖြစ်ချန်ထား
စစ်မှန်သောချစ်ခြင်းတရားအတွက်
အမှန်တိုင်းထွပ်ဆိုကြမယ်
ရှုံသွားတဲ့အခါ ဆင်ခြေမပေးကြေး
ငါ့လည်ပင်းမှာဆွဲဖို့ 
ကြိုးကွင်းလှလှလေးတွေ ကျစ်ပေးထားကြ
တနေ့ ငါမသေခင်
ဒီအမှု့ အတွက်ငါကိုယ်တိုင်ရှေ့ နေလိုက်မယ်

ဘ၀ မှာများများမလိုချင်ပါဘူး
အချစ်စစ် (ဒါမှမဟုတ်) အမုန်းစစ်ပေါ့

မနေ့ ကဆိုတဲ့လယ်ကွင်းထဲ
ကျွန်တော်ဖြတ်ပြေးခဲ့တယ်
ကစားရာကပြန်လာတဲ့ ခလေးငယ်တစ်ယောက်
အဲ့ဒါ ဟိုအရင် က ကျွန်တော်ပဲပေါ့

အလှအပတွေဟာ
တဖြေးဖြေးနဲ့ သဘာဝ ကိုဆန့် ကျင်လာကြတယ်
တနေ့ ကြရင်ဘယ်သူက
ဝမ်းနည်းကြောင်းပြောမှာလဲ
အရာရာနေသားတကြဖြစ်သွားတဲ့အခါ
ကမ္ဘာကြီး ရဲ့ ဆွဲအားတွေပြောင်းသွားတဲ့အခါ
လကမ္ဘာ ပေါ်လမ်းရှောက်ထွပ်ကြည့်မယ်
အဲ့ဒီ့အခါ မြေကမ္ဘာပေါ်
ငါတို့ ဘယ်လိုလမ်းရှောက်ခဲ့တယ်ဆိုတာ
မေ့သွားနိုင်တယ်
ကလေးငယ်တစ်ယောက်အကြောင်း
ပြန်ပြောဖြစ်မယ်
ကြီးကြယ်ခမ်းနားမှု့ ကိုယ်စီနဲ့ 
ဝန်ရိုးစွန်းတစ်ဖက်စီမှာနေထိုင်ကြမယ်

သစ်ရွက်လှုပ်ရင်ရယ်က်စအရွယ်
အချစ်ရှိရင်အရာရာပြီးပြည့်စုံတယ်လို့ ထင်မှား
ဘယ်ရယ်မဟုတ်ချစ်သူလက်ကလေးဆုပ်ကိုင်လို့ 
နှစ်ဦးသားကြည်နူးချင်တာပဲသိတယ်
လောကဓါဏ် တရားကို
အရွက်တိုက်ပြီးတော့
အချစ်ကို ကိုးကွယ်ရူးသွပ်ဖူးတယ်
အတိမ်အနက်ကိုရှော့တွက်ခဲ့မိတယ်

တစ်ခါတလေ မှာတော့အချစ်ဟာ
ကောက်ရထားတဲ့ထီလက်မှတ်တစ်စောင်လို
မထိုးပဲရင်ခုန်နေရတက်တယ်

အမှတ်တရနေ့ စွဲများ
အရောင်ဆောင်မျက်နှာဖုံးများ
အပျော်တမ်းဖဲကစားခြင်း
ရုပ်ရှင်ရုံများ ၊ ပန်းခြံများ
ဆည်းဆာအလှ ၊ ဒုက္ခ
အနက်ရောင်ဆိုးဆေးများ
ဒီမြင်ကွင်းမျိုးတွေအတွက်
ဇာတ်ညွှန်းရေးဆရာ မရှိ
ဒါရိုက်တာ မရှိ
ခံစားချက်တွေကုစားဖို့ ဆရာမဲ့နေ
အိပ်မက်ဆိုတာမျိုးက
လိုတိုးပိုလျှော့လုပ်လို့ မှမရတာ

ငြင်းဆန်မရတဲ့ တမ်းတခြင်းတွေနဲ့ အတူ
ပျော်ရွှင်မှု့ တချို့ ကလပြည့်ညတွေလို
အလာကျဲပြီးအကုန်လွယ်ကြတယ်
လပြည့်ညရဲ့ အလင်ရောင်
ကိုယ့်ဆီရာက်မလာခင်
ပင် ၀ါးရုံကဖမ်းဆုပ်ယူသွားတယ်
ကံကောင်းခြင်းရဲ့ နမ်းရှိုက်မှု့ 
ကိုယ့်ဆီရောက်မလာခင်
ကံကြမ္မာကစီးပွေ့ လိုက်တယ်

ကလေးရယ်…….
ချစ်ခြင်းမေတ္တာတရားအတွက်
နောက်ထက်ခိုးကူးခွေတွေမရှိတော့ဘူး
ဖြစ်နေကြအတိုင်းပေါ့
တစ်ခါတလေ တမင်တကာ
ကြေကွဲပေးလိုက်ရုံပေါ့

ဥသြငှက်တစ်ကောင်တည်းနဲ့ တော့
နွေဆိုတာဖြစ်မလာနိုင်ပါဘူး
ဒီသင်္ချိုင်းမှာစံပယ်တွေ
ခွေခွေလေးသေနေလိုက်ကြတာ
ချစ်စရာကောင်းလို့ တောင်နေသေးတယ်

အဲ့ဒီလို…….
ကဗျာမဆန်တဲ့ ဖြစ်ရပ်တွေမှာ
ကဗျာဟာအယောက်ဆောင်ပေးခဲ့တယ်
လူရာမ၀င်သေးတဲ့ငါ့အနုပညာအတွက်
ဇာတ်နာဖို့ လိုရဲ့ 
ကျယ်လောင်ဖို့ လိုရဲ့ 
လူ့ အဖြစ်ကိုငြီးငွေ့ မိရဲ့ 
ဒိုင်ယာရီပေါ် “၀” လုံးတွေပဲရေးမိနေရဲ့ 

ဟော…………
ကြားလိုက်ကြရဲ့ လား
မနက်ဖြန်အတွက် ခန့် မှန်းချက်ကတော့
နေရာကွက်ကြားမိုးထစ်ချုန်းရွာပါမယ်
ငါ့ရဲ့ မိုးလေ၀သအခြေအနေကို
မင်းနားစွင့်နေရဲ့ လား

ဒီလိုနဲ့ ပဲရှိပြီးအ၀တ်အစားအဟောင်းတွေနဲ့ 
ငါ့ကိုယ်ငါဒီဇိုင်းပြောင်းခဲ့တယ်
နယ်မြေဟောင်းမှာ
ခံစားချက်အသစ်တွေရှာဖွေရင်း
နောင်ထပ်အဖြစ်အပြက်တွေအတွက်
ငါမစဉ်းစားရသေးတဲ့
စိတ်ကူးယဉ်မှု့ တွေဟာ
အစီစဉ်မကျသေးဘူး
ရောက်ရှိလာမဲ့မနက်ဖြန်တွေအတွက်
ကဘိုကယိုကောင်မလေးတစ်ယောက်အတွက်
စိုးရမ်တကြီးအချစ်တွေ
မဲ့နယ်ဆိုးထားတဲ့
အဖြူရောင်အ၀တ်အစားတွေ
အားလုံးကိုမကြာခင်ကပဲ
ဟားတိုက်မောင်ထုပ်လိုက်ပြီ

တနေ့ မှာတော့
မင်းရောငါပါ
ကိုယ့်သမိုင်းကိုယ်ရေးကြရမယ်
အဲ့ဒီ့အတွက်မှတ်ပုံတင်ကိုယ်စီလုပ်ခဲ့ကြသားပဲ
တစ်ဦးရဲ့ ပျော်ရွှင်မှု့ အတွက်
တစ်ဦးမသိမသာဖြည့်ဆည်းပေးခဲ့ကြသာပဲ
လောကဟာပဉ္စလက်ဆရာလက်ထဲမှာ
အရိပ်ပြလိုက် အကောင်ပြလိုက်နဲ့ 
ငါတို့ ကြည့်ကောင်းနေခဲ့ကြတယ်

အဲ့ဒီလိုနဲ့ …….
ပြောစရာစကားအနည်းငယ်ဆီရှိလာကြတယ်
အကြောင်းအရာတစ်ခုကိုခေါ်င်းပြောင်းပေးလိုက်တယ်
ဘယ်သူမှမကြားနိုင်တဲ့အသံတစ်ခုနဲ့ 
စကားတစ်ခွန်းကိုထပ်ပြောခဲ့တယ်
ပထမ တစ်ခေါက်ထက်
လေးနက်မှု့ ရှိပါတယ်

နှလုံးသားဆိုတာ
ဆွတ်ပျံကြည်နူးချင်းတွေကိုပဲ
မှတ်သားနိုင်စွမ်းတယ်
သည်းခြေ ကတော့နာကြည်းမုန်းတီးစရာတွေကို
မှတ်သားလေ့ရှိတယ်
အသည်းနှလုံးမရှိရင်လွမ်းခြင်းကင်းမဲ့သတဲ့(ခိုင်ထူး)

ချစ်သူရေ…..
နောက်ထပ်ကြေကွဲ ဖို့ နှလုံးသားမှာစကားလုံးတွေ
ရှားပါးနေပြီ…………

အထီးကျန်ခြင်းကို
လွတ်လပ်မှု့ လို့ 
ငါမှတ်ယူလိုက်မယ်
ဆန္ဒကိုသိက္ခာနဲ့ လဲခဲ့ပြီ
နောက်ထပ်ကြေကွဲရမဲ့အဖြစ်တွေမှာ
ဝင်သက်ထွပ်သက်ဟာ
အလျှင်စလိုဖြစ်နေတယ်
ပင့်သက်တစ်ချက်ရှုက်လိုက်တယ်
သဲ့သဲ့လေးပေါ့…….

ကိန်းဂဏန်းလား
အက္ခရာလား
ပုံရိပ်ရောင်လား
ကိုယ်ပွားတစ်ခုလား
အတု အစစ် ကွဲပြားသွားပြီ
အဖြူ အမဲ သဲကွဲနေပြီ

ဟော………..
ဟို…မှာကြည့်…….
ချစ်သောနှလုံးသားဟာ
ငါ့ကိုလက်ပြ နှုတ်ဆက်သွားတော့တယ်…..

In: ကဗျာ Posted By: Date: Jul 17, 2011
Comment #1

အားပေးသွားပါတယ်ဗျာ…….

commentinfo By: moehtetaung18 at Jul 17, 2011
Comment #2

ကဗျာရှည်ကို မညည်းမညူဖတ်ရှုရင်း အားပေးသွားတယ်ဗျား)

commentinfo By: မိုးသစ်လေပြေ at Jul 17, 2011
Comment #3

နှလုံးသားဆိုတာ
ဆွတ်ပျံကြည်နူးချင်းတွေကိုပဲ
မှတ်သားနိုင်စွမ်းတယ်
သည်းခြေ ကတော့နာကြည်းမုန်းတီးစရာတွေကို
မှတ်သားလေ့ရှိတယ်
အသည်းနှလုံးမရှိရင်လွမ်းခြင်းကင်းမဲ့သတဲ့…………အားပေးနေတယ်

commentinfo By: အသဲကွဲမိုး at Jul 17, 2011
Comment #4

ငါ့ဘ၀ရဲ့
ပထမဆုံးကျောက်စာများ
ပထမဆုံး အမှိုတ်ပုံးများ
ပြီးတော့
ပထမဆုံး တွေ့ရှိချက်များ
ဒါတွေနဲ့ဘဲ
ဒါတွေကို မှတ်တမ်းတင်
ရက်စွဲတပ် ဒိုင်ယာရီတခုကို
ကဗျာလုပ်မိရဲ့…။

Comment #5

ငါ့ဘ၀ရဲ့
ပထမဆုံးကျောက်စာများ
ပထမဆုံး အမှိုတ်ပုံးများ
ပြီးတော့
ပထမဆုံး တွေ့ရှိချက်များ
ဒါတွေနဲ့ဘဲ
ဒါတွေကို မှတ်တမ်းတင်
ရက်စွဲတပ် ဒိုင်ယာရီတခုကို
ကဗျာလုပ်မိရဲ့…။

Comment #6

ငါ့ဘ၀ရဲ့
ပထမဆုံးကျောက်စာများ
ပထမဆုံး အမှိုတ်ပုံးများ
ပြီးတော့
ပထမဆုံး တွေ့ရှိချက်များ
ဒါတွေနဲ့ဘဲ
ဒါတွေကို မှတ်တမ်းတင်
ရက်စွဲတပ် ဒိုင်ယာရီတခုကို
ကဗျာလုပ်မိရဲ့…။

Comment #7

ခုလို ….
ကဗျာရှည် မျိုးကိုမညည်းမညူ အားပေးဖတ်ရှု့ပေးကြလို့
အရမ်းကိုကျေးဇူးတင်မိပါတယ်ဗျာ
ကျွန်တော်ရေးဖို့ကျန်တာလေးနဲနဲရှိသွားပါတယ်
ဒီကဗျာကို ဘယ်လိုရေးဖြစ်သွားတယ်ဆိုတာရယ်
ဘယ်လောက်ကြာကြာရေးခဲ့ရတယ်ဆိုတာရယ်
ကဗျာအကြောင်းလေးကို edit လုပ်ပြီးပြန်ပြောပါရစေ….
ဒါမှ ကဗျာ ဖတ်ရတာ ပိုအသက်ဝင်သွားအောင်လို့ပါ…
အားလုံးကိုကျေးဇူးအထူးတင်လျှက်ပါ………

commentinfo By: laminpaing at Jul 18, 2011
Comment #8

ကေါင်းပါတယ်…………..

commentinfo By: သားသား at Mar 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment