ဘဝ
အမြဲတမ်းအရှုံးတွေနဲ့ပေါ့
ခုထိ နှလုံးသားဟာလဲ
မိုက်ရူးရဲဆန်ဆဲ….
စွဲလန်းခြင်းဒဏ်တွေ ခပ်ပြင်းပြင်းမြိုချခဲ့တာ
ကိုယ့်ကိုကိုယ်တောင်ပြန်သနားရတဲ့ ဘဝ
တကယ်ပဲ ပြန်တွေ့ခွင့်ရရင် ငါဆုတောင်းချင်ပါရဲ့…..
သောကတွေရှုရှိုက်
ပြန်ထွက်တော့လည်း မီးတောက်အငွေ့အသက်တွေပါတယ်။
အိပ်စက်နိုးထလာတော့ စိတ်ပျက်စရာကောင်းတဲ့ ပတ်ဝန်းကျင်
ဒီလိုနဲ့
တစ်နေ့ပြီး တစ်နေ့ ကုန်ဆုံးသွားတာ
ခုဆိုရင် “……..” ပေါ့
အစိမ်းသရဲတွေ
ဘီလူးစီးပြီး တိုက်တဲ့နေ့က
ငါ မှတ်မိနေသေးတယ်။
မောဟအစိုင်အခဲကြီး ငါ့ကို ပိတ်ဆို့
ထွက်ပေါက် ဘယ်မှာလဲ…..
ပြန်လည်ဆန်းစစ်လိုက်ရင်တော့ ရူးသွပ်သွားနိုင်တယ်။
စိတ်ဓာတ်အပိုင်းအစတစ်ချို့တော့
မြေပေါ်ပြန့်ကျဲကုန်ကြပြီ။
ခပ်ရှင်းရှင်းပြောရရင်
ငါဟာ စိတ်ကျရောဂါရနေသူပဲ။
မျော်လင့်ချက် ဖိစီးတာ ငါ့အတွက် ပင်ပန်းလွန်းတယ်။
ဘာမှအဓိပါယ်မရှိတော့တဲ့ဘဝ
ဘာအတွက် လာကကြီးထဲ ရောက်လာတာလဲ…..
ဘာအတွက်ကြောင့် လူဖြစ်လာရတာလဲ…..
လက်ရှိလက်ခံထားရတာကတော့
အားလုံးကို ပေးဆပ်ဖို့ ရောက်လာတဲ့
“ ငါ ”
“ ငါ ”
“ ငါ ”
စုန်းပြူး
Comment #1
khet shin shin pyaw ya yin ngar har sate kya yaw gar ya nay thu pe,,
hmaw lint chet phi se dar ngar a twat pin pan lun de,,