Professional Authors

ရင်တွင်းကဗျာ 8

ခပ်ရှင်းရှင်းပြောရရင်
မိုးလင်းခဲ့တဲ့ ညမှာ
မင်္ဂလာဦးညရဲ့
သတိုးသမီးတစ်ယောက်
သတိုးသားလာမဲ့ အချိန်ကို
အိပ်ခန်းထဲက မျှော်သလို
မင်းပြန်လာဖို့ကို  ငါမျှော်တယ် …..။

ငါတို့အနီးဆုံးကနေ ဝေးခဲ့တာပဲ
တစ်ယောက်တစ်လမ်းဆီ ရွေ့ရင်း
မျက်နှာချင်းဆိုင်ခွင့်မှမရတော့
ကျောချင်းကပ် နှစ်သိမ့်
ကျေနပ်ကြရုံပေါ့ …..။

တစ်ခါတစ်ခါ ငါ့အိပ်မက်မှာ
ဂုဏ်ဓန နဲ့ မင်း
ချိန်ခွင် တစ်ဖက်စီ နင်းလို့ရပ်တယ်
ငါ့ရဲ့ အဟုန်က ကမ္ဘာ့ဆွဲအား
စုပြုံရောက်လာ သလားပဲ
မင်းခြောက်ခြောက်ခြားခြားနဲ့
ငါ့ကို ပွေ့လို့ဖတ်ခဲ့ …..။

တိတ်တိတ်လေး ပျိုးခဲ့တဲ့
ဇလပ်ပွင့်နဲ့မှ
နှင်းဆီ သခင်မဆီ
အခစားဝင်မိတဲ့ငါ
ငါ့ပွင့်ဖတ်တွေ ခြွေချရင်း
မင်းနုတ်ခွန်းခြွေရဲ့
”အခြေအနေနဲ့ အချိန်အခါ အရပါတဲ့”
ငါ့နှလုံးသားကိုမှ
ဖြူလွှလွှ ဖိနပ်ပါးနဲ့
နင်းရက်ခဲ့အား  ။။     ။။

In: ကဗျာ Posted By: Date: Nov 3, 2012
Comment #1

တိတ်တိတ်လေး ပျိုးခဲ့တဲ့
ဇလပ်ပွင့်နဲ့မှ
နှင်းဆီ သခင်မဆီ
အခစားဝင်မိတဲ့ငါ
ငါ့ပွင့်ဖတ်တွေ ခြွေချရင်း
မင်းနုတ်ခွန်းခြွေရဲ့
”အခြေအနေနဲ့ အချိန်အခါ အရပါတဲ့”
ငါ့နှလုံးသားကိုမှ
ဖြူလွှလွှ ဖိနပ်ပါးနဲ့ ….

အရမ်းကြိုက်မိပါတယ် ဒီစာသားတွေကို

commentinfo By: maypyo22889 at Nov 3, 2012
Comment #2

ကောင်းပါ၏။

commentinfo By: May Kha at Nov 5, 2012
Comment #3

good

commentinfo By: aung at Aug 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment