Professional Authors

ချောင်းခြား

တဘဝလုံးကောင်းဖို့အရေး
ခဏလေး ဝေးကြဦးစို့
မရောက်သေးတဲ့ ပန်းတိုင်အတွက်
စိတ်ဓါတ်တွေခိုင်ကြမယ်

တွဲလက်မြဲမြဲ
အခက်အခဲတွေကိုဖြတ်ကျော်
တော်ရာမှာ ပျော်အောင်ကြိုးစား
အတူတူရင်ဆိုင်သွားကြမယ်

ခါးသီးစရာတွေကိုမေ့
နားညည်းစရာတွေတွေ့လည်း
တစ်ယောက်အတွက် တစ်ယောက်တွေး
တစ်ယောက်ဘဝလှဖို့ တစ်ယောက်လက်နဲ့ရေးမယ်

ခေတ္တအဝေး
ခဏလေးပဲသည်းခံပါကွယ်
ရှင်မခေါင်းမှာပန်ဖို့
အောင်မြင်ခြင်းအပွင့်အဖူး
ကိုယ် ခူးလာပါ့မယ်

မကြာတော့ပါဘူး
ရှေ့မှာ
ကိုယ်တို့အတွက်
အရုဏ်ဦး လေ

လေးညှို့ရှင်
4.6.2014
10:06 AM

In: ကဗျာ Posted By: Date: Jun 9, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment