Professional Authors

ချစ်သူသို့ အမှတ်တရ…..

ချစ်သူရေ မင်းနဲ့ကိုယ်ဝေးကွာနေခဲ့ပေမယ့်
ကိုယ်တို့ရဲ့စိတ်တွေ နီးခဲ့ကြတယ်နော်…
မင်းနဲ့ကိုယ် ဘာတွေလုပ်လုပ်တူညီ
ချစ်ခြင်းတွေနဲ့ ပြည့်နှက်နေခဲ့တာ
မင်းဘက်က အားလုံးရုပ်သိမ်းသွားတော့
ကိုယ် ဘယ်လိုဖြေသိမ့်ရမလဲ
ကိုယ် ဘယ်လိုရင်ဆိုင်ရမှာလဲ
ကိုယ်လေ အရာရာဆုံးရှုံးသွားခဲ့တာပါ..
ချစ်သူရယ် မင်းကဝေးစေ ဆိုလို့ဝေးဝေးမှာနေခဲ့တာ
ဒါပေမယ့် ကိုယ်လေ မင်းအနားကတစ်ဖ၀ါးတောင်
မခွာချင်ခဲ့တာ မင်းအနားနားနေချင်ခဲ့တာပါ..
ဒါတွေကိုမင်းလေးသိရင် ကိုယ့်ဆီကိုပြန်လာပါ
ချစ်သူ…….အမှတ်တရနေ့ရက်တွေ
ပြန်ရှင်သန်ဖို့ စောင့်မျှော်နေမယ့်

In: ကဗျာ Posted By: Date: Sep 13, 2013
Comment #1

🙂

commentinfo By: ei lay at Sep 15, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment