Professional Authors

ကမ္ဘာပြုတေး

သူ့ခမျာမှ ပင်ပန်းဆင်းရဲလွန်းလှတဲ့အထဲ
ချွေးတပြိုက်ပြိုက်ကောက်စိုက်သမလေးရဲ့ပါးကွက်ကြားကို
မဖျက်ဆီးရက်ပါဘူး
သူ့ခမျာမှ မိသားစုအရေးတွေးပူနေရတဲ့အထဲ
နောက်ဆံတငင်ငင်ကျောင်းသူမလေးရဲ့ခေါင်းကပန်းကို
မနင်းခြေရက်ပါဘူး

စိတ်ရှိရင် ဆိုင်တစ်ဆိုင်မှာ ထိုင်ပြီး
လှုပ်ရွနေတဲ့ပေါင်တံဖွေးဖွေးတွေကို မျက်စိအရသာခံမိမှာပဲ
စိတ်ရှိရင် ကွေ့ကွေ့ကောက်ကောက်မိန်းမတစ်ယောက်ရဲ့
မြင်နေရတဲ့ရင်သားတစ်ခြမ်းကို စိတ်နဲ့လှီးထုတ်မိမှာပဲ

ကျွန်တော် လွတ်လွတ်လပ်လပ် ယဉ်ကျေးပါရစေ

                                                          ကိုသျှား

In: ကဗျာ Posted By: Date: Feb 15, 2012
Comment #1

လွတ်လွတ်လပ်လပ် ယဉ်ကျေး နိုင်ပါစေ

commentinfo By: kantkawmg at Feb 15, 2012
Comment #2

ကဗျာရေးသူ အတွေးအခေါ်ကတော့ လိုက်မမှီအောင်ကိုကောင်းလွန်းတယ်
ဒီကဗျာက တစ်ချို့နေရာလေးတွေမှာစကားလုံးသုံးထားပုံကနည်းနည်းကြမ်းတယ်ဗျ ဒါကျွန်တော့အမြင်ကိုပြောပြခြင်းပါ အကြံပေးခြင်းမျိုး ၊ ပုတ်ခတ်ခြင်းမျိုးလုံးဝမဟုတ်ပါ
ကိုသျှားရဲ့ကဗျာအရေးအသားတွေကိုလေးစားသူတစ်ဦးပါ ထို့ကြောင့် အပေါ်ကစကားလုံးများတွင်ထောင့်မကျိုးတာပါပါက တောင်းပန်ပါသည် ။

commentinfo By: X - ray at Feb 15, 2012
Comment #3

မိုက်တယ်….ဗျ ကိုသျှားရေ

commentinfo By: terry at Feb 15, 2012
Comment #4

အားပေးသွားသည်။

commentinfo By: အသဲကွဲမိုး at Feb 15, 2012
Comment #5

ကောင်းတယ်ဗျာ

commentinfo By: myatthuraaung at Feb 15, 2012
Comment #6

ဟုတ်တယ် RAYရေ . . .
ဒီကဗျာက တစ်ချို့နေရာလေးတွေမှာစကားလုံးသုံးထားပုံကနည်းနည်းကြမ်းပါတယ်ဗျာ
အဲဒါကလည်း မကြမ်းလို့မရလောက်အောင် ခံစားရလွန်းလို့ ရေးလိုက်တာပါ
ကျွန်တော်လေ . . .လူသားအားလုံးကို ကိုယ်ချင်းစာစိတ်ရှိစေချင်တယ်ဗျာ
ပြီးတော့ ကျွန်တော်တို့ယောက်ျားတွေအနေနဲ့ မိန်းကလေးတွေကို ကိုယ့်ညီမ၊ကိုယ်အစ်မတွေလို
မြင်တတ်စေချင်တယ်
မိန်းကလေးတွေကလည်း စိတ်ဆွတဲ့ဝတ်ပုံစားပုံနေပုံထိုင်ပုံတွေကို အတတ်နိုင်ဆုံးမလုပ်စေချင်ဘူး
အဲဒါကြောင့် ဒီကဗျာကို အရဲစွန့်ပြီး ရေးလိုက်တာပါ
အကြံပေးပါ၊ ဝေဖန်ပါ၊ထောင့်မကျိုးတာပါလည်း မတောင်းပန်ပါနဲ့
ကျွန်တော်လည်း ထောင့်ကျိုးတဲ့လူမဟုတ်ပါဘူး

ချစ်ခင်စွာဖြင့် . . .
ကိုသျှား

commentinfo By: ကိုသျှား at Feb 15, 2012
Comment #7

ကျွန်တော့အမြင်လေးကို နားလည်ပေးတဲ့အတွက်ကျေးဇူးအားကြီးတင်ပါတယ်ဗျာ
ကိုသျှားဒီလိုအရဲစွန့်ပြီးရေးလိုက်လို့ လျှပ်ပေါ်လော်လီဝတ်တဲ့သူတွေ ၊ ကိုယ်ချင်းစာစိတ်ခေါင်းပါတဲ့သူတွေ ၊ စာနာစိတ်မရှိတဲ့သူတွေ အဲ့ဒီသူတွေအကုန်လုံးမဟုတ်တောင် တစ်ဝက်လောက်တော့အမြင်မှန်ရသွားမယ်လို့ မြင်တယ်ဗျာ ။

commentinfo By: X - ray at Feb 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment