Professional Authors

အမုန်းမဲ့ မာန

အဲဒီနေ့က
နေထွက်တာ စောလွန်းတယ်
ကဲ ပြောစမ်း ကောင်မလေးရယ်
လမ်းခွဲကြမဲ့မနက်မှာ နေသာသင့်သလားလို့

မြက်ခင်းစိမ်းဖျဖျပေါ် လမ်းလျှောက်ရင်း
အပျော်ဇာတ်သွင်းထားလိုက်တယ်
ရင်ထဲက ကြေကွဲခြင်းအုတ်မြစ်ကတော့
ပူချစ်တောက်လောင်ထွန်းပလို့

မကြားဝံ့တဲ့ စကားတခွန်းကို
ခပ်ရဲရဲ နားဆင်ဖို့အတွက်
နားတဖက်ကို နေပေါ်ပန်ပေးခိုက်
မျက်ရည်သံ လေနီတို့ တိုက်ခဲ့ပြီ

မွှေးပျံ့တဲ့ အရုဏ်ချိုချိုမနက်
မင်း ရက်ရက်စက်စက် သတ်ခဲ့
ဘာများ ဆန်းသလဲကွယ်
ငါ သပ်သပ်ရပ်ရပ် အသည်းကွဲ ပေးလိုက်တယ်။

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: May 11, 2010  
Comment #1

နားတဖက်ကိုနေပေါ်ပန်ပေးခိုက် .. ကြိုက်တယ်ဗျာ..

commentinfo By: Nyar Lat Taw at May 11, 2010
Comment #2

မွှေးပျံ့တဲ့ အရုဏ်ချိုချိုမနက်
မင်း ရက်ရက်စက်စက် သတ်ခဲ့
ဘာများ ဆန်းသလဲကွယ်
ငါ သပ်သပ်ရပ်ရပ် အသည်းကွဲ ပေးလိုက်တယ်။
တော်လိုက်တာဗျာ

commentinfo By: အသဲကွဲမိုး at Jun 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment