အကျဉ်းထောင်ထဲကကြယ် (Kitty Yang)
ငါဟာအလွမ်းအကျဉ်းသား
ချစ်မိတိုင်း ဝင်ရတဲ့
ဒီအကျဉ်းထောင်….
ဒီတစ်ကြိမ်.. ဘယ်လို
ပြစ်ဒဏ်တွေနဲ့
နှိပ်စက်ဦးမလဲ…။
ကြယ်ဖြစ်တဲ့ ငါနဲ့
လမင်းဖြစ်တဲ့ သူက..
ခွဲခွာခြင်းအမှုတွဲနဲ့
လမိုက်ညရှည်များ…။
ချစ်မှုကြီးလေလေ
ပြစ်ဒဏ်ပြင်းလေလေ
အိမ်မက်တွေလိမ်လည်ပြီး
ငါ့ကိုအကြိမ်ကြိမ်ချော့သိပ်
ပြီးတော့မှ အဆိပ်ခတ်
ပျော်ရွင်မှုတွေကိုသတ်တယ်
အလွမ်းနွံထဲပြန်နစ်…
မွန်းကျပ်လို့နေခဲ့တယ်
ဒီသံသရာလည်း
မဆုံးနိုင်ခဲ့ဘူး…။
“တော်ကြပါတော့…”
အယောင်ယောင်၊ အမှားမှားနဲ့
ညည်းခဲ့တဲ့ ငါ့ကို….
ဆေးအဖြစ် အထီးကျန်ခြင်းတွေ
တိုက်ကျွေးခဲ့တယ်…
ဪ.. ငါရဲ့လမင်း..
မင်းရော.. နေကောင်းရဲ့လား..။
ထပ်ခါတစ်လဲလဲ
သေရဲပါတယ်..
သတ်မရတဲ့
မျှော်လင့်ခြင်းတစ်ခုကတော့
တော်လှန်နေဦးမှာ..။
ငါ့အချစ်တွေ
သမိုင်းမဝင်ရင်နေပါစေ
အတိတ်တစ်ခုတော့ မဖြစ်စေရဘူး။
ချစ်ရပါသော လမင်းရယ်…
မင်းရဲ့ကြယ်လေးက
လွမ်းလို့တဲ့…။
8th. August 2010
Comment #6
ထပ်ခါတစ်လဲလဲ
သေရဲပါတယ်..
သတ်မရတဲ့
မျှော်လင့်ခြင်းတစ်ခုကတော့
တော်လှန်နေဦးမှာ..။
ဒီဟာလေးကိုကြိုက်လို့ကူးယူခွင့်ပြုပါနော်
ကျေးဇူးအထူးတင်၇ှိပါတရ်၇ှင်……..
By: ayaayethi at Aug 9, 2010
Comment #8
ငါဟာအလွမ်းအကျဉ်းသား
ချစ်မိတိုင်း ဝင်ရတဲ့
ဒီအကျဉ်းထောင်….
ဒီတစ်ကြိမ်.. ဘယ်လို
ပြစ်ဒဏ်တွေနဲ့
နှိပ်စက်ဦးမလဲ…။
…………..
အားပေးနေမယ်..ကောင်းလို့
By: အသဲကွဲမိုး at Nov 24, 2010
Comment #9
ngo like dot me,
By: ei lay at Mar 20, 2012
Comment #11
be hna khar hman ti dot bu,,
kha na kha na phat phyit de,,
a yan kyike de,
By: ei lay at Mar 20, 2012
Comment #12
Read again
Feel again
Like more than before
By: ei lay at Aug 21, 2012
Comment #13
ချစ်မိတိုင်း ဝင်ရတဲ့
ဒီအကျဉ်းထောင်….
ဒီတစ်ကြိမ်.. ဘယ်လို
ပြစ်ဒဏ်တွေနဲ့
နှိပ်စက်ဦးမလဲ…။
By: htatmyataung at Aug 21, 2012




Comment #1
ဒီနေ့ကဗျာကောင်းလေးတွေပဲ ဖတ်နေရတယ်..
ကောင်းတယ် ကြိုက်တယ် ပြောရမှာတောင် အားနာတယ် တကယ်..
just click like button!!!!! (: