Professional Authors

ရင်ကွဲစများ

သံသရာထဲ မျက်ရည်ယောင်ဆောင်တဲ့ဆို့နင့်မှုက သွေးမတိတ်ဘူး
တစ်မျှော်တစ်ခေါ်သံယောဇဉ်တွေ ကမ်းဝေးခဲ့ရ
စောင့်မျှော်ခြင်းနဲ့ရပ်တန့်ငေးမောနေရှာတဲ့ယုံကြည်ချက်ရှိရာ
ပြန်လာဖို့မသေချာဘူးဆိုတဲ့ခြေလှမ်းတွေ သေချာနေမှာလား
ရင်ဟာ မီးစွဲလောင်ပြီး ခွဲခွာရခြင်းဟာ မီးခိုးအူလာတယ်
ခေါ်မကြားအော်မကြားညနေခင်းဟာ ပြုံးနေတဲ့မျက်လုံးတွေနဲ့ ငို…လို့
အငွေ့ပျံနေတဲ့ငါဟာ အရှင်လတ်လတ် တစ်ရွက်ချင်းကြွေ…လို့
လောကဓံဓားပေါက်ကျင့်ခံရတဲ့သစ်သီးဟာ ကြေမွ…လို့
တစ်ယောက်လက်မှတ်ကို တစ်ယောက်ဘ၀ထဲ ရေးထိုးပြီး
ငါတို့ အပြန်အလှန်ချည်နှောင်ထားတဲ့လက်ထပ်စာချုပ်ဟာ
ချစ်ခြင်းသစ္စာပဲ
အနာဂတ်ဆီ ဖုန်းခေါ်ဆိုမရတဲ့ဘ၀ကိုယ်စီ လွယ်ပိုးရင်း
ငါတို့ အမှောင်ထဲ တစ်ယောက်ကိုတစ်ယောက် အော်ခေါ်နေကြတယ်

                                                                                ကိုသျှား

In: ကဗျာ Posted By: Date: Nov 26, 2011
Comment #1

xoooo COOL !! 😀

commentinfo By: Natthamee at Apr 3, 2012
Comment #2

ပြန်လာဖို့မသေချာတဲ့ခြေလှမ်းတွေကသေချာနေတာလား

commentinfo By: မေပျို at Nov 12, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment