Professional Authors

ရင်ကွဲ ဖိတ်စာ

သာယာတဲ့ နေ့လေးမှာ

ကျွန်တော်ချစ်တဲ့ကောင်မလေးနဲ့

သူချစ်တဲ့ကောင်လေး

နှစ်ပါးဂဟေဆက်ဖို့အရေး

လူတွေမြင်အောင် ကြော်ငြာတဲ့ ဖိတ်စာလေး

အရက်ချက် စက်ရုံက အရက်မမူးပေမယ့်

အလွမ်းတွေထုတ်ပေးတဲ့ ငါ့နှလုံးသားကတော့

မတ်တပ်ကြီး မူးသွားတယ်…

ဂုဏ်ယူပါတယ်

ပကာသနတွေ ထွေလို ခင်းမပြနိုင်တဲ့

ငါ့လက်ထဲမှာမဟုတ်ဘဲ

ဂုဏ်မြင့်သူတို့ အလည်မှာ တင့်တယ်သွားလို့

ဖြစ်နိုင်မယ်ဆို

ငါ့ကဗျာတော့ မဖတ်နဲ့

ရက်ထပ်နှစ်နဲ့တိုးလို့

မင်္ဂလာရက် ရွှေ့နေရဦးမယ်

ဘာပဲဖြစ်ဖြစ်ပေါ့ကွာ

တစ်ဖက်သတ်အချစ်က

တည်ဆဲ ဥပဒေမှာ မထည့်သွင်းသေးသ၍

(ရာဇဝတ်မသင့်သေးသ၍)

ကြောင်တစ်ကောင်ရဲ့ သီအိုရီအတိုင်း

ချောင် တစ်ချောင်မှာ ခွေနေဦးမယ်

ရာသီဥတုကလဲ ကောင်းတယ်လေ…

In: ကဗျာ Posted By: Date: Dec 30, 2013
Comment #1

ဟာ ဖတ်မိသွားပြီ ကြိုက်သည်

commentinfo By: whitecross at Jan 3, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment