Professional Authors

သူသိအောင်….

ပြောစရာတွေ တောင်လိုပုံ
ချစ်တာကိုလည်း ပြောမကုန်
ရှိနေချင်တာ အချိန်တိုင်းလိုလို..

ပြောတာကို ယုံပါမလား
မင်းတစ်ယောက်တည်း ချစ်တယ်ဆိုတာ
အမျိုးမျိုးထင်ပါ ဗွေမယူပါဘူး
အချစ်စစ်ကြောင့် ခွင့်လွတ်မှုရှိနေပြီ………….

အစ်ကိုလို ချစ်သူလို
ဘယ်လိုပဲ မင်းရင်မှာထားထား
ငါဘက်က မင်းမှမင်းပါပဲ……

ပြောခဲ့ကြတဲ့ ဖုန်းတွေ
ပို့ခဲ့ကြတဲ့ မေးလ်တွေ
ရေးခဲ့ရတဲ့ ကဗျာတွေနဲ့
ဆိုခဲ့ရတဲ့ သီချင်းတွေက
မင်းအတွက်ပဲ ဆိုတာ ယုံပါကွာ…….

အိပ်မရတာတာ များနေ

အတွေးတိုင်း မင်းလေ

စဉ်းစားတိုင်းလည်း ချစ်နေမိတယ်………

ခနတာ ခွဲခဲ့ကြတယ်နော်
အနေဝေးလို့ အချစ်မဆွေးပါဘူးကွာ
နှလုံးသားအရင်းခံပြီး
ရှေ့ရေးအတွက် သွားတာပါ

မညာတတ်တာ ယုံပါ
သံသယတွေနဲ့ မကြည့်ဘဲ
အချစ်တွေတိုးလို့ တစ်သက်လုံးပဲ
ချစ်ကြမယ်လေ…….

ယုံကြည်မှုတွေကို ရှေ့တန်းတင်
သစ္စာတွေကို တိုင်တည်ကာ
အချစ်ကို လမ်းခင်း
အနမ်းကို ဘီးတပ်
အပြုံးဆိုတာကို ဂျီယာထည့်ပြီး
အချစ်ဆိုတဲ့ကားကို စီးကြမယ်………..

လွမ်းလွန်းလို့ ဆိုညည်းခဲ့တဲ့
သီးချင်းတွေက ထပ်ခါနေ
ဂစ်အို တစ်ကြောင်ကြောင်နဲ့
တိုက်ထပ်မှာ ငါဆိုနေပြီလေ………..

ဒို့နှစ်ယောက်ကြား
အမုန်းမထားဘဲ
ထားခဲ့ကတိတွေကို
လက်တွေ့အသုံးချ

တွဲလက်မဖြုတ်ဘဲ ချစ်ကြမယ်…….

သူသိပါစေလို့  ဆုတောင်းရင်း

                                         စိုး………….

In: ကဗျာ Posted By: Date: Jan 27, 2012
Comment #1

soe yae,,,
loak tar loak,,
cha tar cha,,
r pay de,,
he,,he,,

commentinfo By: ei lay at Jan 27, 2012
Comment #2

among of ur same topic,i like this poem more.

commentinfo By: ei lay at Feb 14, 2012
Comment #3

Thanks ma ei..

commentinfo By: soeoo at Mar 1, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment