Professional Authors

လွတ်လပ်ခြင်း ယန္တရား

ဒီပန်းချီကားကို
ဝိဥာဉ်တို့လိုအင်တပိုင်းတစနဲ့
မသိမသာ ကောက်ကြောင်းဆွဲ
အစချီခဲ့ပြီ …
……………………………….
နေနဲ့လ တို့ ငါ့အပေါ် တလှည့်စီလှည့်ပတ်ခြင်းတွေ …
                (သို့)
နေ့ရက်တွေ …
မှော်ဝင်နေသည့်တိုင်အောင်
ငါ့ခြေ …
ငါ့လက် …
ငါ့အား …
ငါ့အစိတ်အပိုင်းတွေအားလုံး
ခြေကုန်လက်ပန်းကျနေပြီ …
……………………………
နွမ်းရိခြင်း တို့ဟာ
ငါ့ ၀ိဥာဉ်တို့ရဲ့ အစိတ်အပိုင်းကိုယ်စီကို
ဖမ်းချုပ်လွှမ်းမိုးထားတယ် …
နောက် …
တက်ကြွခြင်း …
ရင်ခုန်ခြင်း …တို့ဟာ
တစပြီး တစ …
တလွှာချင်း၊ တလွှာချင်း
လှပ်ထကွာကျလာခဲ့တယ် …
……………………….
အခု ငါ ….
…………………………
……………………
……………….
…………..
……….
….
..
.
မလှန်ရသေးတဲ့ ဒိုင်ယာရီအနောက်ဘက်က
စာမျက်နှာတချို့တို့ရယ် …
ကျေးဇူးပြုပြီး
အသက်ဝင်လာမယ့် ငါ့ပန်းချီကားကို
ပုံစံလေးပဲ ဖြစ်ဖြစ် …
အရိပ်အငွေ့လေးပဲဖြစ်ဖြစ် …
လျှို့ဝှက်စွာ တိတ်တဆိတ်လှစ်ဟပြပေးကြပါ …
…………………………
တစ်ယောက်ယောက်များ ….
ဖြစ်နိုင်ရင် မပုနဲ့ ခရုပုံပြင်ကို အစနဲ့အဆုံး
၏ သည်မရွေး ခရေစေ့တွင်းကျ ပြောပြပေးနိုင်မလား …
…………………………..
…………………….
ဒီအတိုင်း …
ဒီအတိုင်း …
ဒီတိုင်းလေးပဲ ငါ့ငြိမ်းချမ်းမှုတွေကို လွတ်လပ်ခွင့်ပေးကြပါ …
…………………………………
ငါ့ လွတ်လပ်ခွင့်တွေကိုလည်း ရှေ့ဆက်ခွင့်/
ရူးသွပ်ခွင့် …
ပေးကြပါ …

In: ကဗျာ Posted By: Date: Aug 19, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment